ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ရှေးဟောင်းယဉ်ကျေးမှု ယူနက်စကို အသိအမှတ်ပြု ပုဂံမှာ အာဏာရှင်ဆန့်ကျင်ရေး ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ဒီနေ့မနက်ပိုင်းက ပိတ်ဆို့တားဆီးမှုတွေရှိပေမဲ့ ရှောင်ကွင်ပြီး ဆက်လက်ဆန္ဒပြခဲ့ကြကာ ကျိန်စာတိုက်ပွဲကိုလည်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။
ဒေသခံတစ်ဦးက “ထီလိုမင်းလိုမှာ ကျိန်စာတိုက်မယ်လို့ ကြေညာထားပြီး ချီတက်တာ သူတို့က ရေကားတွေစစ်ကားတွေနဲ့ ရဲကားတွေ ဆယ်စီးလောက် သွားစောင့်နေတာ၊ အဲဒါကို အဲဒီဘက်မဖြတ်ဘဲ စေတနာကြီး ဘုရားမှာ ကျိန်စာတိုက်ပွဲပြုလုပ်ပြီးတော့ ပြန်လည်ချီတက်ခဲ့တယ်" လို့ ပြောပါတယ်။