Home
မြန်မာသတင်း
ချင်းမိုင်တွင် ရွှေ့ပြောင်းလုပ်သားတိုင်းရင်းသားပေါင်းစုံမှ နွေဦးတော်လှန်ရေးဆင်နွှဲ
နန်းမြနဒီ
·
March 5, 2021
156870949_4336067943073189_9055372339065097998_o
156686653_4336068356406481_1463992922724178741_o
156549153_4336067309739919_8892984485581225252_n
156357865_4336067803073203_8241859330725541900_o
156202236_4336066909739959_1222758882312019644_n
155985198_4336067643073219_8682131224735595093_n
155448029_4336067716406545_525939394347265568_o
155430588_4336067163073267_8787064109070385165_n
156873725_4336068023073181_7571173648299061242_o

ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မှာ မြန်မာနိုင်ငံသား တိုင်းရင်းသားပေါင်းစုံ ရွှေ့ပြောင်း လုပ်သားတွေ စုပေါင်းပြီး မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြပါတယ် ။ 

အဆိုပါ ဆန္ဒပြပွဲကို ပြည်တွင်းနဲ့နည်းတူ နွေဦးတော်လှန်ရေးလို့ အမည်ပေးထားပြီး ဒီကနေ့ မတ်လ ၅ ရက် နေ့လည် ၁၂ နာရီကနေ ည ၈ နာရီထိ စစ်အာ ဏာ ရှင်ဆန့်ကျင်ရေး နဲ့ ဆန္ဒပြရင်း အကြမ်းဖက်ခံရလို့ သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲတွေ လုပ်မယ်လို့ စီစဉ်သူထဲက တယောက်ဖြစ်တဲ့ ရွှေ့ပြောင်းလုပ်သား စိုင်းဝမ်းက ဒီဗွီဘီကို ခုလိုပြောပါ တယ် ။ 

“ ကျနော်တို့မှာ ဆန္ဒပြခေါင်းဆောင်မရှိပါဘူးခင်ဗျ ၊ မြန်မာပြည်မှာ ရဲနဲ့စစ်တပ်က ဆန္ဒပြ သူတွေကို အကြမ်းဖက်နေတာကို  မြင်ရတာမခံနိုင်ဘူး ၊ အဲဒါကို ဖေ့ဘုတ်ထဲမှာ ပြောကြရင်းနဲ့ အခု လိုဆန္ဒပြပွဲလုပ်ဖြစ်သွားတာ ၊ အလုပ်နားပြီး နေ့ခင်း ၁၂ နာရီကနေ ည ၈ နာရီထိ ဆန္ဒပြမယ် ၊ ဂျပန်ကောင်စစ်ဝန်ရုံးရော ယူအန်ရုံးမှာသွားပြီး တောင်းဆိုစာပို့မယ် ”

အလားတူ ဆန္ဒပြပွဲလာရောက်ပါဝင်သူ ခင်ဖုန်းကလည်း ခုလို ပြောပါတယ် ။ 

“ ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြနေတဲ့ ပြည်သူတွေအကြမ်းဖက်နှိမ်နင်းတာ ကလေးအမေတွေ အရိုက်ခံရတာ ၊ လူငယ်တွေ ကျောင်းသားလေးတွေ သေဆုံးတာ လုံးဝလက်မ ခံနိုင်ဘူး ၊ မခံစားနိုင်ဘူး ၊  စစ်တပ်နဲ့ရဲတွေလုပ်ရပ်က အရမ်းကိုဆိုးယုတ်တယ် ၊  ကျမတို့ ဒီဘက်မှာ ရောက်နေတော့ ဘာမှမကူညီပေးနိုင်ပေမယ့်လည်း ကျမတို့ အဲဒီလုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ လာပြီးဆန္ဒပြတာပါရှင့်   ”

ဒီကနေ့ ဆန္ဒပြပွဲကိုလာတဲ့သူတွေဟာ ထာ့ဖဲဂိတ်မှာ အရင်လူစုပြီးတော့ ချင်းမိုင်မှာရှိတဲ့ ဂျပန်နိုင်ငံ ကောင်စစ်ဝန်ရုံး ၊ ကမ္ဘာ့ကုလသမဂ္ဂရုံးခွဲတွေဆီသွားရောက်ပြီး မြန်မာစစ်တပ်က လက်နက်မဲ့ပြ ည်သူတွေပေါ် အကြမ်းဖက်နေတာတွေ ရပ်တံ့အောင်ကူပြောပေးဖို့ ၊ အန်အယ်လ်ဒီ အစိုးရက ဖွဲ့ထား တဲ့ CRPH ကောင်စီကို အသိအမှတ်ပြုဖို့ ၊ UNHCR အနေနဲ့ အကြမ်းဖက်သတ်ဖြတ်ရိုက်နှက်ခံရသူတွေကို အကူအညီပေးဖို့ အစရှိတဲ့ တောင်းဆိုချက်ပါ စာတွေ  သွား ရောက်ပေးပို့ခဲ့ပါတယ် ။ 

အဲဒီနောက် ညနေပိုင်း ၅ နာရီကနေ ၈ နာရီထိ ထာ့ဖဲဂိတ်ကိုပြန်လာစုပြီး စစ်အာ ဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲနဲ့ ဆန္ဒပြပွဲမှာ သေဆုံးခဲ့ရသူတွေအတွက် ရည်စူးပြီး ဆုတောင်းပွဲ တွေ ကျင်းပသွားမယ်လို့ သိရပါတယ် ။ 

Photo: Khinphone

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024