ဇီးကုန်းမြို့တွင် ကျဆုံးသွားသူများအား ရည်စူးပြီး ဖယောင်းတိုင်ထွန်း ဂုဏ်ပြုဆုတောင်း
DVB
·
March 5, 2021
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးသွားတဲ့သူတွေ အတွက် ရည်စူးပြီး ဇီးကုန်းမြို့မှာ မတ် ၄ ရက်နေ့ ညက ဖယောင်းတိုင်ထွန်း ဂုဏ်ပြုဆုတောင်း ခဲ့ကြပါတယ်။
ဂုဏ်ပြုဆုတောင်းပွဲမှာ GZ လူငယ်တွေ ဦးဆောင်ကာ ကဗျာရွတ်ဖတ်ပြီး ဇီးကုန်းမြို့ လူထုနဲ့အတူ ခွန်အားဖြည့်သီချင်းတွေလည်း သီဆိုခဲ့ကြပါတယ်။