Home
မြန်မာသတင်း
ရဲနှင့်စစ်သား စျေးမရောင်းပါ မြစ်ကြီးနားမြို့ကဆိုင်များ နာမည်စာရင်းလိုက်ကောက်နေ
DVB
·
February 25, 2021
154544671_1168954630230464_2695980223536311770_n
154442901_1168954573563803_1944670474228472050_n
154281130_1168954470230480_5066089505096902807_n
154544671_1168954630230464_2695980223536311770_n
154442901_1168954573563803_1944670474228472050_n
154281130_1168954470230480_5066089505096902807_n

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရဲနဲ့စစ်သား စျေးမရောင်းပါ စာရေးကပ်ထားတဲ့ ဆိုင်တွေကို နာမည်စာရင်းလိုက်ကောက်နေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့က အချို့စျေးဆိုင်တွေမှာ ရဲနဲ့ စစ်သား၊ CDM မလုပ်တဲ့ ဝန်ထမ်းတွေကို စျေးမရောင်းတဲ့ စာသားတွေ ကပ်ထားတာဖြစ်ပြီး ဆိုင်ပိုင်ရှင်တွေရဲ့ အမည်စာရင်းများနေရပ်လိပ်စာများ အဖွဲ့အစည်းတခုကနေ ဖေဖော်ဝါရီ ၂၄ ရက်နေ့က လာရောက်ကောက်ခံခဲ့တာလို့ ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

”ကပ်ထားတဲ့စာကိုတော့ သူတို့က မဖြုတ်ခိုင်းဘူး။ ကျမတို့က စိုးရိမ်မှုတွေရှိတဲ့အတွက် ခဏဖြုတ်ထားလိုက်တယ‌်။ နာမည်ရယ်၊ နေရပ်လိပ်စာရယ်၊ ဖုန်းနံပါတ်ရယ်၊ မှတ်ပုံတင်နံပါတ်တွေရယ် လာတောင်းသွားတာ။” 

ရဲနဲ့ စစ်သား၊ CDM မလုပ်တဲ့ ဝန်ထမ်းတွေကို စျေးမရောင်းပါ စာသားတွေကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စတင်ရေးကပ်ထားခဲ့တာဖြစ်ပြီး ၂၄ ရက်နေ့ မနက်ပိုင်းမှာ ဖြုတ်ထားလိုက်ရတယ်လို့ ဆိုပါတယ်။

အရင်တပတ်ကလည်း CDM လုပ်တဲ့ ဝန်ထမ်းတွေကို ဝန်ထမ်းကတ်ပြပြီး အခမဲ့စားသောက်နိုင်တယ်လို့ ရေးကပ်ထားတဲ့ စားသောက်ဆိုင်နဲ့ဆန်ဆိုင်တွေကို အဖွဲ့အစည်းတခုက လာရောက် ဖိအားပေးတဲ့အတွက် ဖြုတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

မီးမီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024