Home
မြန်မာသတင်း
မိုးမောက်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွင် မသန်စွမ်းသူများလည်းပူးပေါင်း ပါ၀င်
DVB
·
February 23, 2021

ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ  ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြုလုပ်တဲ့ စစ်အာဏာရှင် ဆန့်ကျင်‌ရေးလူထု ဆန္ဒထုတ်ဖော်ပွဲမှာ မသန်စွမ်းသူတွေလည်း ပူးပေါင်းပါဝင်လာပါတယ်။ 

ဆန္ဒပြရာမှာ ပါဝင်တဲ့ မသန်းစွမ်းသူ တစ်ဦးက “ကျနော်တို့ မသန်စွမ်းတွေရဲ့ အခွင့်အရေးတွေဟာ ၂၀၁၀ မရောက်ခင်က မှောင်အတိ ဖုံးနေခဲ့ရတယ်။ ၂၀၁၀ အစိုးရအသစ်တက်လာပြီးတဲ့နောက်ပိုင်းမှ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဟာ တိုးတက်လာခဲ့တယ်။ အရပ်သားအစိုးရ လက်ထက်မှာ ပိုလို့ကျနော်တို့ အတွက်ဆောင်ရွက်မှုတွေရှိခဲ့တယ်။ စစ်အာဏာရှင်စနစ်ကို ကျနော်တို့လည်း ဆန့်ကျင်ပါတယ်”လို့ ပြောပါတယ်။

ဒီမိုကရေစီဖက်ဒရယ်စနစ်ရမှသာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတွေအတွက် အဆင်ပြေစေမှာဖြစ်ပြီး လူ့အခွင့်အရေးတွေတိုးတက်လာမှ မသန်စွမ်းတွေအတွက် မျှော်လင့်ချက်ရှိမှာလို့  မသန်စွမ်းတစ်ဦးက ပြောပါတယ်။

ဒီမနက် ဆန္ဒပြပွဲမှာ ကချင်တိုင်းရင်းသားတွေက တယောတူရိယာတီးဝိုင်းတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မိုးမောက်မြို့ရှိ ပြည်သူလူထုဟာ   စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁၁ ရက်က စတင်ခဲ့ကြတာဖြစ်ပြီး ဒိမတိုင်ခင်ကတော့  ဗန်းမော်မြို့က လူထုနဲ့ ပူးပေါင်းပါ၀င်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ဇော်လင်းအောင် (ဗန်းမော်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024