Home
မြန်မာသတင်း
ဖမ်းဆီးခံမဲဇလီကုန်း ဆရာဝန်နှင့် အဆက်သွယ်မရ၊ ပြန်လွှတ်ပေးရန် အင်အား ၅၀၀၀ ကျော် ဆန္ဒပြ
DVB
·
February 18, 2021
151829842_127517629185750_827729171144361231_n
151198779_439118607141805_1357883635251210479_n

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့က အဖမ်းခံထားရတဲ့ ဆရာဝန်ကို ၇ ရက်မြောက်ရှိနေပေမဲ့ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

မဲဇလီကုန်းမြို့၊ ပြည်သူ့ဆေးရုံက ဆရာဝန်ကို ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့ကနေအိမ်မှာ လူနာကို ဆေးကုသနေစဉ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ဖမ်းဆီးသွားချိန်ကစပြီး ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဆရာဝန်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

မဲဇလီကုန်းမြို့ ဖမ်းဆီးသွားတဲ့ဆရာဝန်ကို ပြန်လွှတ်ပေးဖို့ ဒီကနေ့မနက်  လူအင်အား ၅၀၀၀ ကျော် အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ထွေအုပ်ရုံးတို့အနီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေ လုံခြုံရေးစည်းနဲ့ ၁၅ ပေက ပြသဖို့၊ ဖမ်းဆီးထားတဲ့ ဆရာဝန်ကို သူတို့လည်း ဘယ်မှာဖမ်းဆီးထားတယ် မပြောနိုင်ကြောင်းနဲ့ ၁၂ နာရီကျော်ပါက လူစုခွဲပေးဖို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့တယ်လို့ ဆန္ဒပြဦးဆောင်သူတစ်ဦးက ပြောပါတယ်။

ဆရာဝန်ကို ဘယ်မှာထားတယ်၊ ဘယ်ဥပဒေနဲ့ တရားစွဲဆိုထားတယ်ဆိုတာကို မြို့နယ်တာဝန်ရှိသူတွေ့က တစုံတရာ ပြောဆိုခြင်းမရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024