Home
မြန်မာသတင်း
ချင်းမိုင်မှ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ထိုင်းထီ ပထမဆုပေါက်
DVB
·
February 17, 2021

ချင်းမိုင်မှ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ထိုင်းထီ ပထမဆုပေါက်

ဒီဗွီဘီ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ထဲက မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ထိုင်းထီပထမ ဆုပေါက်ပြီး  ဘတ်ငွေ ၆ သန်းရရှိမှာဖြစ်ပါတယ် ။ 

မြန်မာနိုင်ငံကနေ ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်ထဲမှာ လာပြီးအလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ်ရွယ်ရှိ  စိုင်းအွန် ခေါ် ခွန်အောင်ပြည့် ဆိုသူမှာ မနေ့ကထွက်သွားတဲ့ ထိုင်းထီပထမဆုပေါက်ဂဏန်း ၄၂၄၆၀၃ ကို ပေါက်ကြောင်း ဆန်ကမ်ဖဲင်းမြို့နယ်ရဲစခန်းမှာ လာ ရောက်အကြောင်းကြားခဲ့တယ်လို့  ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

စခန်းမှူးကလည်း ရဲစခန်းမှာမှတ်တမ်းတင်ထားပေးပြီး ဝမ်းမြောက်ကြောင်းပြောကြားကာ ထီပေါက်သူ စိုင်းအွန်ကလည်း သူဟာ လစဉ်ထီအနည်းအကျဉ်းသာထိုးလေ့ရှိကြောင်း ၊ ဒီတခေါက် ပထမဆုရတော့ အလွန်ဝမ်းသာပြီး ထီပေါက်တဲ့ငွေတွေကို မြန်မာပြည်က မိဘဆီပြန်ပို့ပေး မှာဖြစ်ကာ တချို့ကိုတော့ ထိုင်းမှာနေစဉ် သုံးစွဲဖို့ သိမ်းထားကြောင်း ၊ လောလောဆယ် မြန်မာပြည်ပြန်လို့လည်းမရသေးတာကြောင့် ထိုင်းမှာဘဲနေပြီး လုပ်မြဲအလုပ်ကိုဘဲ ဆက်လုပ်သွား မယ်လို့ ပြောသွားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024