Home
မြန်မာသတင်း
သီပေါမြို့နယ်တွင် တပ်မတော်နှင့် RCSS ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲပြင်းထန်
နန်းမြနဒီ
·
February 11, 2021
146485169_2893007270912956_8734426404345108811_n

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၀ ရက် မနေ့က မြန်မာ့တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် RCSS/SSA တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်တွေဟာ သီပေါမြို့နယ် မိုင်းတုန်အုပ်စု ခိုင်းဆိမ်ကျေးရွာနားက သူတို့လှုပ်ရှားနယ်မြေထဲကို ကြိုတင်အကြောင်းမကြားဘဲ ဝင်ရောက်လာတာကြောင့် ထိတွေ့ပစ်ခတ်မှုတွေဖြစ်ခဲ့ရတာလို့  ရှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံက  ဒီဗွီဘီကို ပြောပါတယ် ။ 

“ ဒီတခါ စတာကတော့ ၉ ရက်နေ့ကပေါ့ အဲဒီနေ့ နေ့ခင်း ၁၂ နာရီကျော်မှာ ခလရ ၂၂ / ခလရ ၂၄၃ နဲ့ ခမရ ၅၆၇  လက်အောက်ခံတပ် အင်အား ၂၀၀ ကျော်လောက်က ကျနော်တို့ တပ်ဖွဲ့ဝင်တွေရှိတဲ့ဘက်ကို ရောက်လာလို့ပစ်ခတ်မှုဖြစ်ကြတယ်။ အဲဒီနေ့ကတော့ ခဏပါပဲ။ မကြာဘူး ၁ နာရီလောက်ပေါ့။ ဒါပေမဲ့ မနေ့က ( ၁၀ ရက် ) နေ့မှာတော့ သူတို့အင်အား ထပ်ဖြည့်လာတယ်။ ဒီတခေါက်ပိုများတယ် အင်အားသုံးလေးရာ၊ တပ်ရင်း နောက်ထပ် ၂ ရင်း တိုးတယ်။ ကျနော်တို့ဘက်ကတော့ ပြောက်ကျားအသွင်လှုပ်ရှားတာမို့ အင်အားပြောလို့မရပါဘူး။ သူတို့ဘက်က ၆၀ မမ မော်တာတွေနဲ့ရောလှမ်းပစ်တယ်၊ ပန်ခုတ် ပန်ခါး ရွာတွေဘက်မှာ လက်နက်ကျည်အလုံး ၂၀ ကျော်ကျလာတယ်။ တိုက်ပွဲက မနက် ၁၀ နာရီ လောက်ကစတာ  ပစ်လိုက်ရပ်လိုက် ညနေ ၃ နာရီကျော်မှာငြိမ်သွားတယ်။ ဒါပေမဲ့ သူတို့ တပ်ဘက်က နောက်ဆုတ်သွားတာမရှိသေးလို့  အချိန်မရွေး ပြန်ပစ်နိုင်ပါတယ်ခင်ဗျ ”

RCSS တပ်မတော်ဟာ အန်စီအေ (တနိုင်ငံလုံးအပစ်ခတ်ရပ်စာချုပ ) လက်မှတ်ထိုး ထားပြီး စာချုပ်အရ တဘက်က တဘက်ကို ဖြတ်သန်းသွားမယ် ဝင်ရောက်လာမယ်ဆိုရင် ကြိုတင်အကြောင်းကြားရမှာဖြစ်ကြောင်း  မြန်မာတပ်ဘက်က ကြိုတင်အကြောင်းမကြားဘဲ ဝင်ရော က်လာလို့ ထိပ်တိုက်တိုးမိပြီး ပစ်ခတ်မှုဖြစ်ရတာလို့ ဆိုပါတယ်။  

လတ်တလော မြို့ကြီးပြကြီးအတော်များများမှာ တပ်မတော်အာဏာသိမ်းမှုကို ဆန္ဒပြ နေကြပြီး တဘက်က ခုလိုတိုက်ပွဲဖြစ်နေတာဟာ ပြည်သူလူထုကို ပိုပြီးတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေ တယ်လို့ ဆိုပါတယ်။ 

RCSS အနေနဲ့ မိမိလှုပ်ရှားနေတဲ့ နယ်မြေထဲမှာဘဲ တည်ရှိနေမှာဖြစ်ပြီး ဆန္ဒပြတဲ့နေ ရာမှာတော့ ပါဝင်ခြင်းမရှိကြောင်း ၊ ဒါပေမဲ့ တပ်မတော်က ဆန္ဒပြ ပြည်သူတွေကို လက်နက်နဲ့ လူစုခွဲတာမျိုး၊ လူလိုက်ဖမ်းတာမျိုးရှိရင် သူတို့ဘက်က ကူညီစောင့်ရှောက်ပေးမှာဖြစ်ပြီး နီးစပ်ရာ RCSS/SSA ဆက်သွယ်ရေးရုံး ၊ ဒါမှမဟုတ် သူတို့အဖွဲ့ဝင်တွေကနေတဆင့် ဆက်သွယ်နိုင်တယ်လို့  ဗိုလ်မှူးခမ်းစံက ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024