ရဲတပ်ဖွဲ့က လိုက်ရှာနေသဖြင့် ဆန္ဒပြ အင်္ဂပူ ကျောင်းဆရာဆရာမအချို့ တိမ်းရှောင်
DVB
·
February 10, 2021

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်မှာ ဖေဖော်ဝါရီ ၉ ရက်က အာဏာရှင်ကျဆုံးရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ပညာဌာနက ဆရာဆရာမတွေကို စေ့စပ်ညှိနှိုင်းစရာရှိလို့ဆိုပြီး ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
တိမ်းရှောင်ခဲ့ရတဲ့ ကျောင်းဆရာတဦးက "ညက ရဲ ၅ ယောက်လောက်လာတယ်။ ကျနော်ရှောင်နေရတယ်။ သူတို့က မြို့နယ်အာဏာပိုင်တွေက ခေါ်ခိုင်းလိုဆိုပြီး လာတာလို့ သိရတယ်” လို့ ပြောပါတယ်။
မနေ့ညကလည်း ဆန္ဒပြပွဲဦးဆောင်သူ ၁၄ ဦးကို ရဲတပ်ဖွဲ့က နေအိမ်တွေမှာ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
သန်းထိုက်မြင့်