Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင်ရေး တာချီလိတ်ဆန္ဒပြပွဲတွင် လူဦးရေ သိန်းချီပါဝင်လာ
DVB
·
February 9, 2021
ta7
ta6
ta5
ta4
ta3
ta2
9.2 (5)
ta7
ta6
ta5
ta4
ta3
ta2
9.2 (5)

ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ လူ ၅ ယောက်ထက်ပိုပြီး လူစုလူဝေးမပြုလုပ်ဖို့ စစ်အစိုးရက ပုဒ်မ-၁၄၄ ထုတ်ပြန်ထားပေမယ့် တာချီလိတ်မြို့ခံ ပြည်သူတွေကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဆက်လက်ပြုလုပ်နေရာမှာ လူဦးရေ သိန်းချီပါဝင်လာပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ တပ်မတော်က အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့နေရာမှာ ဝန်ထမ်းတွေ၊ ကျောင်းဆရာမတွေ၊ ကျန်မာရေးဝန်ထမ်းတွေ အပြင် မြန်မာဆက်သွယ်ရေး MPT က ဝန်ထမ်းတွေပါ ပါဝင်လာပြီး ရပ်ကွက်၊ ကျေးရွာအလိုက် ချီတက်ဆန္ဒထုတ်ဖော်ခဲတာ ဖြစ်ပါတယ်။

တာချီလိတ်၊ ရွှေတိဂုံဘုရားအောက်ခြေက စထွက်ချိန် လူဦးရေနည်းပါးခဲ့ပေမယ့် ဟောင်လိတ်လမ်းဆုံ အရောက်လောက်မှာ လူဦးရေပိုများလာပြီး မြို့ပြင်ကျေးရွာက မိုင်းကိုး၊ မယ်ယန်းဘက်ကလည်း လာရောက်ပူးပေါင်းပါဝင်လာပါတယ်။

မနေ့က ၈ ရက်နေ့မှာတော့ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့သူတွေထဲက အန်အယ်လ်ဒီပါတီဝင်တစ်ဦး ဖြစ်တဲ့ ဦးကျော်မြင့်နဲ့ မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင့်ဆွေတို့ကို တပ်မတော်က မနက် ၂ နာရီခွဲလောက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုအချိန်ထိတော့ ပြန်လည်လွှတ်ပေးခြင်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024