Home
မြန်မာသတင်း
ကျောက်တံခါး ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံငါးခု အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်
DVB
·
February 8, 2021
148518854_135819385055134_16973489143782016_n
147930581_107813251230464_3036170787457481282_n
147640135_1500693880134979_4418934235208796521_n
146714900_1050546422092640_4698293594180902864_n
143989139_844180906426787_3618529150555578509_n

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဆေးရုံ ၅ ခုဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို  တစ်မြို့နယ်လုံး အတိုင်တာအနေနဲ့ ပြုလုပ်နေကြပါတယ်။

လက်ရှိဆေးရုံတွေ အနေအထားမှာတော့ မြို့နယ်ဆေးရုံမှာရော၊ တိုက်နယ်ဆေးရုံတွေမှာ တက်လက်စ လူနာတွေပဲ ရှိပြီး အရေးပေါ် လူနာကိုတော့ မြို့နယ်ဆေးရုံ အပါအဝင် တိုက်နယ်ဆေးရုံနှစ်ခုမှာသာ လက်ခံမယ်လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်လွင်က ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်နဲ့ ရပ်ဝေးပြန်တွေရဲ့ ကိုဗစ်-၁၉ swab ကိုလည်း ယူပေးမှာ မဟုတ်တော့ပါဘူးလို့  ကျေးလက်ကျန်းမာရေး ဦးစီးဌာနမှ ဒေါ်ဇင်မာက ပြောပါတယ်။

“ကျမတို့ CDM ပြုလုပ်ပါပြီ။ ပြည်သူနှင့်အတူ အာဏာရှင်ကို တွန်းလှန်ပါမယ်။ ​​ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ ပြန်တက်လာသည်အထိ လှုပ်ရှားမှု ဆက်လုပ်သွားမယ်။”

ကျောက်တံခါးမြို့နယ်မှာ ဒေသအလိုက် ကျန်းမာရေးဝန်ထမ်းတွေဟာ ဖေဖော်ဝါရီ ၆ ရက်နေ့ကစပြီး အာဏာဖီဆန်ရေး လှုပ်ရှားမှု ပြုလုပ်ပြီး ဆေးရုံအချို့​ စတင်ပိတ်ထားရာကနေ ၇ ရက်နေ့မှာတော့ တစ်မြို့နယ်လုံး အတိုင်းအတာ  ပြုလုပ်ခဲ့တကြာတာပါ။ 

ပဲခူးတိုင်းအတွင်း ၂၈ မြို့နယ်မှာတော့ ကျောက်တံခါးမြို့နယ် ကျန်းမာရေး ဝန်ထမ်းတွေက CDM လှုပ်ရှားမှုကို တစ်ညီတစ်ညွတ်တည်း လုပ်ဆောင်နိုင်ခဲ့တဲ့ မြို့နယ် ဖြစ်ပါတယ်။

သတင်း - ဗိုလ်သူရိန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024