နိုင်ငံရေးကွဲပြားမှုတွေကို ဥပဒေနည်းလမ်းတကျ ဖြေရှင်းဖို့ မြန်မာနိုင်ငံကို အင်ဒိုနီးရှားနဲ့ မလေးရှားခေါင်းဆောင်တွေက ဖေဖော်ဝါရီ ၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
မလေးရှားဝန်ကြိးချုပ် မူဟီဒင်ယာဆင် နဲ့ တွေ့ဆုံပြီးနောက်မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာအာဏာပိုင်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်မှု ကောင်းမွန်ရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အခြေခံဥပဒေအရ တင်မြှောက်ထားတဲ့အစိုးရနဲ့ ပတ်သက်လို့ ထိန်းသိမ်းလိုက်နာရမယ့် အာဆီယံအခြေခံမူတွေကို ဆက်လက်လိုက်နာမယ် မျှော်လင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
မလေးဝန်ကြီးချုပ် မူဟီဒင်ယာဆင်ကလည်း မြန်မာ့နိုင်ငံရေးအခြေအနေဟာ နိုင်ငံရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်အတွက် ရင်လေးစရာကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အထူးနိုင်ငံခြားရေး အစည်းဝေးကျင်းပဖို့ ခေါင်းဆောင်နှစ်ဦးက အာဆီယံအဖွဲ့ကို တိုက်တွန်းခဲ့တယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။