Home
မြန်မာသတင်း
စစ်အာဏာရှင်အလိုမရှိကြောင်း ဒဂုံတက္ကသိုလ် ဆရာနှင့် ကျောင်းသားများဆန္ဒပြ
DVB
·
February 5, 2021

မြန်မာနိုင်ငံမှာ ကျောင်းသားဦးရေအများဆုံးရှိတဲ့ ဒဂုံတက္ကသိုလ်မှ ဒုတိယ‌ပါမောက္ခအပါအဝင် ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့  ရုံးဝန်ထမ်းတွေက စစ်အာဏာရှင်စနစ်အလိုမရှိ ကြောင်း civil disobedience campaign  အကြမ်းမဖက် လူထုလှုပ်ရှားမှုကို ဘွဲ့နှင်းသဘင်ရှေ့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါကမ်ပိန်မှာပါဝင်တဲ့  ဆရာမတစ်ဦးက"စစ်အာဏာရှင်ကို အလိုမရှိဘူး ပြည်သူ့သဘောထားကို ဆန့်ကျင်တဲ့ အာဏာရှင်ကို တိုက်ထုတ်ချင်လို့ ပါဝင်တာပါ"လို့ ပြောပါတယ်။ 

ဒီကနေ့ဆန္ဒပြပွဲမှာ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ဘွဲ့နှင်းသဘင်မှ ကျောင်းသားသမဂ္ဂ ရုံးခန့်အထိ ကြွေးကြော်သံတွေနဲ့ လှည့်လည်ခဲ့ကြပါတယ်။

Photo - MPA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024