
ချက်သမ္မတနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့ပြီး နောက် ကမ္ဘာတဝန်း သန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၂၀ ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာလည်း ၁၀၄ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၂ ဒသမ ၂ သန်းကျော်၊ ရောဂါပြန်လည်ပျောက် ကင်းလာသူအရေအတွက် ၇၆ သန်းကျော် ရှိနေတာပါ။
ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၇ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၆ သောင်းကျော်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၀ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၁ သိန်းခွဲကျော်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၉ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၂ သောင်းကျော်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။
အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ယူကေနဲ့ ပြင်သစ်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ စပိန်၊ အီတလီ၊ တူရကီ၊ ဂျာမနီ၊ ကိုလံဘီယာနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အာဂျင်တီးနား၊ မက္ကဆီကို၊ ပိုလန်၊ တောင်အာဖရိက၊ အီရန်၊ ယူကရိန်း၊ ပီရူး၊ အင်ဒိုနီးရှားနိုင်ငံတွေနဲ့အတူ ချက်သမ္မတနိုင်ငံမှာလည်း ကိုဗစ်-၁၉ ရော ဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၀ ထိ ရှိလာခဲ့ ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၉,၆၁၉ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၈၃ နေရာထိ ကျဆင်း သွားခဲ့ပါတယ်။
အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အစ္စရေးနဲ့ အီရတ်နိုင်ငံတွေက ရောဂါကူးစက်ခံရသူဦးရေ ၆ သိန်းကျော်စီနဲ့ အသီးသီး ရှိနေပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၅ သိန်းကျော်နဲ့ သေဆုံးသူ ၁၀,၉၄၂ ယောက်နဲ့ ဒုတိယနေ ရာမှာ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၃ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း ၁၄၀,၉၂၇ ယောက်၊ သေဆုံး သူ ၃,၁၆၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၁၂၆,၃၈၄ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံ နိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင် နေပါတယ်။
မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၂၆,၉၁၂ ယောက်နဲ့ သေဆုံးသူ ၈၀၉ ယောက် ရှိပါတယ်။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၆၀၂ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂၁,၂၄၉ ယောက်နဲ့ သေဆုံးသူ ၇၉ ယောက် ရှိနေပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၉၁၁ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၈၀ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။
ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၄၆၆ ယောက်နဲ့ ၄၅ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မ ရှိသေးပါဘူး။