ကယားပြည်နယ် ဝန်ကြီးအချို့နှင့် အန်အယ်လ်ဒီ အချို့ ပြန်လွတ်
DVB
·
February 2, 2021
စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖမ်းဆီးခံထားရတဲ့ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နဲ့ ပြည်နယ် အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တချို့ ပြန်လည် လွတ်မြောက်လာပါတယ်။
ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို၊ ကယားပြည်နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးသောင်းဌေးနဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာ ဒေါ်ခင်စည်သူတို့ ဆက်လက်ထိန်သိမ်းခံရဆဲ ဖြစ်ပါတယ်။