ပါရီမြို့တွင် ကျောင်းသားများနှင့် ဆရာများ ဆန္ဒပြ

ပြင်သစ်နိုင်ငံ မြို့တော်ပါရီရဲ့ လမ်းတွေပေါ်မှာ ကျောင်းသားတွေနဲ့ ဆရာတွေ ဇန်နဝါရီ ၂၆ ရက်က ဆန္ဒပြကြပြီး ပြင်သစ်အစိုးရရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းအပေါ် ကိုင်တွယ်ပုံကို ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံထဲမှာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ဆန္ဒပြပွဲတွေ ပြန်ပေါ်လာခဲ့ပါတာပါ။ လူထူတဲ့ ကျောင်းပရဝဏ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မယ့်ဘေးများနေချိန်မှာ ကျန်းမာရေးကိုထိခိုက်စေတယ်လို့ ပြောရင်း ကျောင်းတွေကို ဆက်ဖွင့်ထားတာကို ဆရာတွေနဲ့ ကျောင်းသားတွေက ဆန့်ကျင် ဆန္ဒပြခဲ့တာပါ။

ကျောင်းသားတယောက်က ကူးစက်ခံတယောက်နဲ့ ထိတွေ့မိပြီလို့ သတ်မှတ်ခံရတဲ့အခါ ဘာဆက်ဖြစ်မယ်ဆိုတာနဲ့ပတ်သက်လို့ စည်းမျဉ်းလမ်းညွှန်ချက်တွေ ကင်းမဲ့နေတယ်လို့လည်း တချို့က ဝေဖန်ကြပါတယ်။

နန်းတက်စ်မြို့က ကျောင်းသားတွေကတော့ ကပ်ဘေးဟာ ကျောင်းသားတွေအပေါ် စီးပွားရေးအရရော စိတ်ပိုင်းဆိုင်ရာအရပါ ထိခိုက်စေတယ်လို့ ပြောပါတယ်။

သမ္မတမက်ခွန်းကတော့ တက္ကသိုလ်တွေမှာ နေ့စဉ် စားစရာအတွက် တရက် ၁ ယူရိုနှုန်းနဲ့ စီစဉ်ပေးတာ သေချာအောင် လုပ်မယ်။ ကျောင်းသားတွေ တပတ်မှာ တရက်ပဲ ကျောင်းတက်ခွင့်ပြုနိုင်မလားဆိုတာ ချင့်ချိန်ကြည့်မယ်လို့ အရင်အပတ်က ပြောပါတယ်။ အသွားအလာကန့်သတ်ချက် လော့ဒေါင်းကြောင့် အထီးကျန်တဲ့အတွက် ပြင်သစ်နဲ့ ကမ္ဘာတဝန်းက တက္ကသိုလ်တွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ကျောင်းသားတွေ ရှိနေတယ်လို့ မီဒီယာတွေက ရေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up