၃၆ မိုင်လမ်းလျှောက်ပြီး ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြု
DVB
·
January 24, 2021
ကိုဗစ်တိုက်ဖျက်ရေး ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ တနိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်း၊ ပရဟိတသမားတွေနဲ့ စေတနာရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေးတိုင်း ကျောက်ဆည်မြို့ ရွှေတောင်တန်း(တောင်တန်းရိက္ခာပို့အဖွဲ့) က ဇန်နဝါရီ ၂၃ ရက်နေ့မနက်မှာ ကျောက်ဆည်ကနေ မြစ်သားမြို့နယ်အထိ အသွားအပြန် ၃၆ မိုင် လမ်းလျှောက်ခဲ့ကြပါတယ်။
မန္တလေးမြို့အထိ လမ်းလျှောက်ဖို့ စီစဉ်ခဲ့ကြပေမယ့် ခရိုင်ခြားသွားတာကြောင့် ကျောက်ဆည်ခရိုင်အဆင့် စီမံခန့်ခွဲမှုကော်မတီဆီကိုပဲ ခွင့်ပြုမိန့်တောင်းပြီး ကျောက်ဆည်ပြည်သူ့ဆေးရုံကနေ မြစ်သား ပြည်သူ့ဆေးရုံအထိ လမ်းလျှောက်ခဲ့ကြတာပါ။
ခရီးစဉ်တစ်လျှောက်မှာ ရလာတဲ့ အလှူငွေတွေအားလုံးကို အဲဒီဆေးရုံတွေကို ပြန်လှူသွားမယ်လို့ ရွှေတောင်တန်းအဖွဲ့ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောပါတယ်။
ခရိးစဉ်တစ်လျှောက် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်းတွေနဲ့ ရဲဝန်ထမ်းတွေက လိုက်လံစောင့်ရှောက်ပေးပြီး ညနေ ၅ နာရီမှာ ကျောက်ဆည်မြို့ကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။
နွေလှိုင်း(YU)