
ည်သူ့လွှတ်တော်မရှိဘူးဆိုလို့ရှိရင် ကျနော်တို့အနေနဲ့ အခွင့်အရေးတွေ ဆုံးရှုံးမယ်လေ။ ကျနော်တို့ ရခိုင်ပြည်သူလူထုတွေရဲ့ စိတ်ဆန္ဒတွေ ခံစားမှုတွေ လိုလားမှုတွေ အပြည့်အ၀ရဖို့အတွက် ကျနော်တို့မှာ ပြောပိုင်ခွင့် ဆိုပိုင်ခွင့်မရှိဘူးပေါ့လေ။ အဲလိုပြောခွင့်ဆိုခွင့်ရမယ့်သူတွေက ကိုယ်စားလှယ်တွေပဲ ပြောနိုင်ဆိုနိုင်မှာလေ အပေါ်က။ အဲဒိအတွက်ကြောင့် ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။ သူတို့ကိုတော့ တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ်ကတော့ မဖြစ်စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့နှစ်ဦးနှစ်ဘက်ဖြစ်နေတော့ ကျနော်တို့ ပြည်သူလူထုအနေနဲ့ စိတ်ဆင်းရဲရတယ်။ ဒီမှာဒါဖြစ်လိုက် ဟိုဟာဖြစ်လိုက်နဲ့ ဖြစ်နေကြရင်ပေါ့လေ။ ဟိုမှာတိုက်ပွဲဖြစ်လိုက် ဒီမှာတိုက်ပွဲဖြစ်လိုက် အခုဆိုတိုက်ပွဲရပ်လိုက်တယ် ဆိုတော့ ၀မ်းသာပါတယ်။"
ဒေါ်ခင်ကြည်(မလကျွန်းကျေးရွာ)

