Home
သတင်းဓာတ်ပုံ
ရန်ကုန်ဆေးရုံကြီးသို့ အပတ်စဉ်လာရောက် ကင်ဆာဆေးကုသနေသူများ အခက်ကြုံနေ (ဓာတ်ပုံ)
DVB
·
December 17, 2020
nwdn_file_temp_1607915886692 (1)
nwdn_file_temp_1607915787683 (1)
nwdn_file_temp_1607915643330
nwdn_file_temp_1607878067121
nwdn_file_temp_1607877994038
nwdn_file_temp_1607877906192
IMG_3134
IMG_3123 (1)
IMG_3121 (1)
ကိုဗစ်ကာလမှာ ကင်‌ဆာရောဂါအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့  လာရောက်ဆေးကုသသူတွေအနေနဲ့  ကွာရန်တင်းဝင်ဖို့အခက်အခဲ၊ ခရီးစရိတ် အခက်အခဲတွေ ကြောင့် နေရပ်သို့မပြန်နိုင်ဘဲ ဆေးရုံကြီး ဝန်းကျင်‌မှာ နေထိုင်ကြကာ စားရေးသောက်ရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ ဆေးလာကုသူတစ်ဦးက "ဒီမှာဆေးလာကုတာ အပတ်တိုင်းကုရတယ်။ လာတုန်းက လူနာတင်ယာဉ်ကားနဲ့ လာကြတာပေါ့။ ပြန်ဖို့ကြတော့ ကိုယ့်စရိတ်နဲ့ကိုယ်ပြန်ရမှာလေ။ ကားခက ဈေးကြီးတယ်။ ပြီးတော့တစ်ခါတလေလည်းမဟုတ်ဘူး။ အပတ်တိုင်းဆိုတော့ အဆင်မပြေဘူးလေ။ အဲ့တော့ ဒီဆေးရုံဘေးမှာပဲ ဖြစ်သလိုနေကြရတာပေါ့” လို့ ‌ပြောပါတယ်။ လက်ရှိအချိန် ဆေးရုံကြီးဘေးမှာ နေထိုင်သူ အများအပြားရှိပြီး စား‌ရေးသောက်ရေးအတွက် နေရပ်မှ ပါလာသမျှကို ထုခွဲရောင်းချနေကြရကာတချို့က ပစ္စည်းပြတ်လပ်သွားလို့ အလှူရှင်တွေရဲ့ လာရောက်လှူဒါန်းမှု အပေါ်မှီခိုနေကြရပါတယ်။ Photo - Nyein Chan Oo / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024