အစ္စတန်ဘူလ်နှင့် ပွဲတွင် အကောင်းဆုံးအသင်းဆိုတာ ပြချင်ကြောင်း တူချယ်ပြော

Paris Saint-Germain's French forward Kylian Mbappe (C) scores a goal during the French L1 football match between Montpellier Herault (MHSC) and Paris Saint Germain (PSG) at the Mosson Stadium in Montpellier, southern France, on December 5, 2020. (Photo by Pascal GUYOT / AFP)
အစ္စတန်ဘူလ်နဲ့ ပွဲမှာ အကောင်းဆုံးအသင်းဆိုတာ ပြသသွားချင်တယ်လို့ ပီအက်စ်ဂျီ နည်းပြ တူချယ်က ပြောပါတယ်။  ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် အုပ်စု H မှာ မန်ယူ၊ လိုက်ဇစ်အသင်းတွေနဲ့အတူ ၉ မှတ်စီ တူညီနေပေမယ့် ထိပ်တိုက်တွေ့ဆုံမှုရလဒ်တွေအရ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။  လိုက်ဇစ်နဲ့ မန်ယူတို့ ထိပ်တိုက်တွေ့ဆုံချိန်မှာ ပီအက်စ်ဂျီက အုပ်စုအောက်ဆုံးက တူရကီကလပ် အစ္စတန်ဘူလ်ဘာဆက်ဆီဟာနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။  သရေ ၁ မှတ်ရရှိရုံနဲ့ နောက်တဆင့်တက်မှာ ဖြစ်ပေမယ့် ပြိုင်ဘက်ကို လေးလေးစားစား ယှဉ်ပြိုင်ပြီး  အကောင်းဆုံးအသင်းဆိုတာ ပြသသွားချင်တယ်လို့ နည်းပြ တူချယ်က ပြောပါတယ်။  အစ္စတန်ဘူလ်နဲ့ပွဲမှာ ပွဲထွက် ကစားသမားစာရင်းလည်း ပြောင်းလဲဖို့မရှိကြောင်းနဲ့ အကောင်းဆုံး ပြင်ဆင်လေ့ကျင့်ထားကြောင်းလည်း နည်းပြတူချယ်က ဆိုပါတယ်။  လက်ရှိ ရပ်တည်မှုအရ လိုက်ဇစ်နဲ့ မန်ယူပွဲမှာ လိုက်ဇစ်က အနိုင်ရပြီး အစ္စတန်ဘူလ်ကို ပီအက်စ်ဂျီအသင်း ရှုံးနိမ့်ခဲ့မယ်ဆိုရင် အုပ်စုအဆင့်ကနေ ထွက်ခွာရမယ့် အခြေအနေ ရှိနေသေးတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up