အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလှ ကွယ်လွန်
DVB
·
November 27, 2020

ရှမ်းပြည်နယ် လက်ရှိ အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလှ (အသက် ၆၅ နှစ်) ဒီနေ့မနက် ကွယ်လွန်သွားခဲ့တယ်လို့ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးအားလယ်က ပြောပါတယ်။
“နေမကောင်းဖြစ်နေတာကြာပါပြီ။ လူကြီးရောဂါနဲ့ ကျိုင်းတုံမြို့က သူ့နေအိမ်မှာပဲ နိုဝင်ဘာ ၂၇ နေ့ မနက်ပိုင်းမှာကွယ်လွန်ခဲ့တယ်။”
၂၀၁၅ ရွေးကောက်ပွဲမှာ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားပြုကာ အနိုင်ရရှိခဲ့သူဖြစ်ပြီး၊ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အာခါတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး နေရာမှာ အန်အယ်လ်ဒီ ပါတီက ဦးယာကုပ်က အနိုင်ရရှိသွားတာပါ။
နန်းစံပယ်