Home
မြန်မာသတင်း
ကျောက်မဲရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၏နေအိမ် လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ
DVB
·
November 16, 2020
125795554_664988877535191_8743166458229018291_n
125221130_664988804201865_1481967888665665343_n
124872745_664988847535194_4964814257391140354_n
124783550_665021624198583_2288467616480943212_n
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌရဲ့ နေအိမ်ကို နိုဝင်ဘာ ၁၅ ရက် မနက် ၁ နာရီလောက်က  လက်နက်ငယ်နဲ့ လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့  ကျောက်မဲမြို့ရဲစခန်းက အရာရှိတဦးက အတည်ပြုပြောပါတယ်။ လက်နက်ငယ်နဲ့ ပစ်ခတ်မှုကြောင့် နေအိမ် ပြတင်းပေါက်လေကာမှန် ကွဲတာတချက်၊ အိမ်နံရံကိုတစ်ချက် ကျည်ဆန်ထိမှန်ပေမယ့် လူကိုတော့ ထိခိုက်ဒဏ်ရာရရှိတာ မရှိပါဘူး။ "ပစ်ခတ်သူကို စိတ်ထဲလည်းဘာမှမထားပါဘူး။ တိုင်တာ တောတာ မလုပ်ထားပါဘူး။ သက်ဆိုင်ရာကို အကြောင်းကြားရုံပါပဲ။ ကျန်းမာရေးအရ အနားယူခါနီးပါပြီ" လို့ ကျောက်မဲ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြောပါတယ်။ ကျောက်မဲမြို့ရဲစခန်း တာဝန်ရှိသူတွေနဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က လက်နက်ငယ် ကျည်ထိပ်ဖူးလို့ ယူဆ‌ရတဲ့ အရာဝတ္ထု တစ်ခုကို အခင်းဖြစ်ပွားနေရာမှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌရဲ့ နေအိမ်ကို ပစ်ခတ်ထွက်ပြေးသူကို တော့ ဖမ်းဆီးရမိခြင်းမရှိသးဘဲ စုံစမ်းနေကြောင်း ကျောက်မဲမြို့မရဲစခန်းမှ အရာရှိတဦးက ပြောပါတယ်။ သတင်း- နန်းစပယ် ဓာတ်ပုံ- ကျောက်မဲပြန်/ဆက်၊ ဦးတင်မောင်သိန်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024