Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ပုံတူ ဒီဂျစ်တယ် နည်းပညာပန်းချီကားကို ကျုံးဘေးတွင်ပြသမည်
DVB
·
November 10, 2020
DASS4
DASS3
DASS
DAS7
DASS10
DASS12
DASS9
မန္တလေးမြို့၊ ၂၆လမ်းကျုံးဘေးလျှောက်လမ်း ၊ ၇၁ လမ်းနဲ့ ၇၂ လမ်းကြား၊ မြို့တော်စည်ပင်သာယာရုံးရှေ့မှာ 3D နည်းပညာနဲ့ ရေးဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ ဒီဂျစ်တယ်ပန်းချီကားကို နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ပြသထားဖို့ရှိပါတယ်။ ပန်းချီပညာရှင် ကိုလင်းပင်ဇော်က "အောင်နိုင်တဲ့ အန်အယ်လ်ဒီပါတီကို ကျနော်တို့ မန္တလေးတိုင်းက နေပြီးတော့ တစ်နိုင်ငံလုံးအတွက်ကို ဂုဏ်ပြုပေးတာဖြစ်ပါတယ်ခင်ဗျ" လို့ပြောပါတယ်။ အဆိုပါ ပန်းချီကားကို augmented reality နဲ့ ဂရစ်ဖတီ ပန်းချီပညာရပ်ပူးပေါင်း ရေးဆွဲထားတာဖြစ်ပြီး ပေးထားတဲ့ QR ကုတ် စနစ်ကို ဖုန်းဖြင့် ကြည့်ကာဖတ်ရှုရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပန်းချီပညာရှင် ကိုလင်းပင်ဇော်က"ဒီ app က augmented reality လို့ခေါ်တယ်ပေါ့၊ အတိုကောက်ဆိုရင် AR နည်းပညာလို့ခေါ်ပါတယ်၊ AR နည်းပညာက ခုနပြောသလို ဒီဥစ္စာဆိုရင် ကျနော်က QR ကုဒ် သို့မဟုတ် browser မှာ ဒီ web link လေးရိုက်ထည့်လိုက်လို့ရှိရင် ကင်မရာ box လေးကျလာမယ်၊ အဲ့ဒီကင်မရာ box နဲ့ ဒီပုံကို ချိန်လိုက်လို့ရှိရင် ကျနော်ကြိုတင်စီမံထားတဲ့ ဒီ animation တွေ ပေါ်လာမှာပါဗျ" လို့ ပြောပါတယ်။ အဆိုပါ ပန်းချီကားကို ကျုံးဘေးမှာ နှစ်ရက်ကြာပြသပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊မန္တလေးတိုင်းဒေသကြီးရုံးသို့ လှူဒါန်းမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဆိုပါပန်းချီကားကို ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကြိုတင်ရေးဆွဲခဲ့တာဖြစ်ပြီး အချိန် တစ်ပတ်ခန့်ရေးဆွဲခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါပန်းချီကားကို မန္တလေးတင်မက အခြားဒေသတွေပါ ကြည့်ရှုနိုင်ဖို့အတွက် လူမှုကွန်ရက်မှာ တင်ပေးမယ်လို့လည်း သိရပါတယ်။ သတင်း- ထိန်ထိန်လင်း ဓာတ်ပုံ- ထိန်ထိန်လင်း/ သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024