Home
မြန်မာသတင်း
ဆိပ်ကြီးခနောင်တိုတွင် အန်အယ်လ်ဒီအနိုင်ရ၊ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီ ရှုံးနိမ့် 
ပြည့်ဘုန်းအောင်
·
November 9, 2020
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာတော့  ဆန္ဒမဲအားလုံးရေတွက်ပြီးချိန်မှာ လက်ရှိ အာဏာရပါတီ အန်အယ်လ်ဒီပါတီက အဓိက ပြိုင်ဘက် ကြံ့ခိုင်ရေး ပါတီကို လွှတ်တော်နေရာ အားလုံးမှာ မဲအပြတ်အသတ်နဲ့အနိုင်ရရှိသွားပါတယ်။ ပြည်သူ့လွှတ်တော်နေရာမှာ လက်ရှိအန်အယ်လ်ဒီကိုယ်စားလှယ် ဦးတင်နိုင်ထွန်းက ကြံ့ခိုင်ရေးပါတီ  ဒုဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီကို ဆန္ဒမဲ ၈၀၀၀ ကျော်နဲ့  အပြတ်အသတ် အနိုင်ရရှိခဲ့တာပါ။ ပြည်သူ့လွှတ်တော်နေရာအတွက် ဆန္ဒမဲတွေရေတွက်ရာမှာ  အန်အယ်လ်ဒီပါတီက ၁၄၅၆၈ မဲ၊ ကြံ့ခိုင်ရေးပါတီက ၆၃၆၉ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၃၅၇ မဲ ၊ ညီညွတ်သော တိုင်းရင်းသားဒီမိုကရေစီ ပါတီက ၈၅ မဲ ရရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်နေရာမှာတော့ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်း ဦးကျော်စိုးမိုးလွင်က ၁၃၇၁၇ မဲ ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ၆၁၅၆ မဲ ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၃၄၉ မဲ နဲ့ ပြည်သူ့ပါတီ ၃၆၈ မဲရရှိခဲ့ပါတယ်။ တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ် အပါအဝင် ကိုယ်စားလှယ် ၆ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့  မဲဆန္ဒနယ် အမှတ် ၂ နေရာမှာလည်း  အန်အယ်လ်ဒီပါတီက ဦးတင်ဆန်းက ၆၃၄၀ မဲနဲ့  အပြတ်အသတ်ရရှိခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီက ၂၃၀၀ မဲ၊ ပြည်သူ့ပါတီက ၄၇၄ မဲ ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၂၄ မဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၄၃ မဲနဲ့ တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ် ဦးမျိုးသော်က ၁၂၉၈ မဲ ရရှိခဲ့ပါတယ်။ တိုင်းဒေသကြီးအမှတ် (၁) နေရာမှာတော့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးမင်းနိုင်စိုးက ၆၃၂၆ မဲ ၊ ကြံ့ခိုင်ရေးက ၂၈၀၂ မဲ ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၃၄၉ မဲနဲ့ ပြည်သူ့ပါတီက ၃၆၈  မဲ ရရှိခဲ့ပါတယ်။ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၆,၀၀၀ ကျော်ရှိပြီး မဲလာပေးသူ ၂၀,၀၀၀ ကျော်ရှိကာ ရာခိုင်နှုန်းအားဖြင့် မဲလာပေးသူ ရာခိုင်နှုန်း ၈၀ ဒသမ ၈၆ ရာခိုင်နှုန်း  ရှိတယ်လို့ မြိုနယ် ရွေးကောက်ပွဲ ကော်မရှင်ကနေ သိရပါတယ်။ မဲရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်မှသာ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024