ကယားပြည်နယ်တဝန်း ဆန္ဒမဲပေး၊ မဲပေးပိုင်ခွင့်ရှိသူ ၂၁၂,၉၁၆ ဦးရှိ
နော်နိုရင်း
·
November 8, 2020

ကယားပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးနေကြရာမှာ ပြည်နယ်တစ်ခုလုံးမှာ မဲဆန္ဒရှင်ဦးရေ ၂၁၂,၉၁၆ ဦးရှိပြီး လွိုင်ကော်မြို့နယ်မှာ ၁၀၀,၂၆၇ ဦးနဲ့ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာတော့ မဲဆန္ဒရှင်ဦးရေ ၅၆,၆၇၄ ဦး၊ ဖရူဆိုမြို့နယ်မှာ ၁၉,၉၅၃ ဦး၊ ရှားတောမြို့နယ်မှာ ၅,၆၂၈ ဦး၊ ဘောလခဲမြို့နယ်မှာ ၈,၂၀၇ ဦး ၊ ဖားဆောင်းမြိုနယ်မှာ ၁၆,၉၁၂ ဦးနဲ့ မယ်စဲမြို့နယ်မှာ ၅,၂၇၅ ဦး အသီးသီးရှိပါတယ်။
ကြိုတင်မဲ အခြေအနေကတော့ လွိုင်ကော် မြို့နယ်မှာ ၆,၃၄၃ ဦး၊ ဒီးမော့ဆိုမှာ ၄,၇၅၃ ဦး ၊ ဖရူဆိုမှာ ၈၁၉ ဦး ၊ ဘောလခဲမှာ ၁,၁၃၅ ဦး ၊ ဖားဆောင်းမှာ ၁၂၁၈ ဦး ၊ မယ်စဲမှာ ၇၀၃ ဦး ၊ ရှားတောမှာ ၂၆၆ ဦးရှိကြောင်း နေ့လယ် ၂ နာရီ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။
တပ်မတော်ကြိုတင်မဲတွေက ရှားတောမြို့နယ်မှာ ၃၃၈ မဲ၊ မယ်စဲမြို့နယ် ပန်းတိမ် (နယ်ခြားစောင့်တပ်) ကြိုတင်မဲ ၄၂၄ ၊ မယ်စဲတောင်ပိုင်းအထကမှာ ၈၈ မဲ ရှိပြီး ဒီအရေအတွက်တွေဟာ ပုံစံ ၃(က) နဲ့ လျှောက်ထားပြီး မဲပေးခဲ့တာလို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဆီကနေ သိရပါတယ်။