ရာထူးက ထုတ်ပယ်ခံရနိုင်တယ်ဆိုသည့် သတင်းများအပေါ် ဆိုးလ်ရှားတုံ့ပြန်

အစ္စတန်ဘူလ် ဘတ်ဆာဆီရှားအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်ဆိုတဲ့သတင်းကို နည်းပြဆိုးလ်ရှားက ပယ်ချသွား ခဲ့ပါတယ်။  ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ဒီမနက်အစောပိုင်းက အစ္စတန်ဘူလ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ဆိုးလ်ရှားရဲ့ မန်ယူ အသင်းဟာ ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။  ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ဂိုးပေါက်ခြိမ်းခြောက်မှု ၂ ကြိမ်သာရှိခဲ့ပြီး အဲ့ဒီ ၂ ကြိမ်မှာ မာရှယ်ရဲ့ ဂိုး ၁ ဂိုးလည်း ပါဝင်ခဲ့ပါတယ်။  ဒီရှုံးပွဲကြောင့် ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၁ ပွဲသာအနိုင်ရ တယ်ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်သွားခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁၅ အထိရောက်ရှိနေပြီ ဖြစ်ပါတယ်။  ဒီအခြေအနေကြောင့် ဆိုးလ်ရှားအတွက် ဖိအားတွေကို တဖန်ပြန်လည်မြင့်တက်လာခဲ့ပြီး ဆိုးလ်ရှားကတော့ သူ့အနာဂတ်နဲ့ပတ်သက်တဲ့အကြောင်းတွေကို ဆွေးနွေးလိုခြင်း မရှိဘူးလို့ ပြောပါတယ်။  “ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျနော် မှတ်ချက်ပေးလိုခြင်း မရှိပါဘူး။ အခုက စောသေးတယ်လို့ ပြောရမှာဖြစ်ပြီးတော့ နောက်ထပ်ရွေးချယ်စရာတွေလည်း အများ ကြီးရှိနေ ပါတယ်။ ခင်ဗျားအနေနဲ့ ကြံ့ကြံ့ခံနိုင်ဖို့လိုအပ်ပါတယ်။ ကျနော့်ရဲ့ စွမ်းဆောင်မှုတွေကို အသင်း ဘက်က သဘောကျ နှစ်သက်မှုရှိနေပြီး အသင်းအတွက်အကောင်းဆုံးကြိုးစားဆောင်ရွက်နေ ပါတယ်”လို့ အစ္စတန်ဘူလ်အသင်းနဲ့ပွဲအပြီးမှာ ဆိုးလ်ရှားက ပြောပါတယ်။  ယူနိုက်တက်အသင်းမှာ ဆိုလ်းရှားနိုင်ပွဲရရှိဖို့ ရုန်းကန်နေရချိန်မှာ ယူနိုက်တက်အသင်းနဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုတို့ရဲ့သတင်းတွေဟာလည်း တဖန်ပြန်လည်ပေါ်ပေါက်လာပါတယ်။ ပိုချက်တီနိုက ကလပ်အသင်း တစ်သင်းသင်းကို တာဝန်ယူပြီး နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ဖို့ ဆုံးဖြတ်ထားကြောင်း အခုသီတင်းပတ် အစောပိုင်းမှာ ဝန်ခံပြောဆို ခဲ့ပြီလည်း ဖြစ်ပါတယ်။  ပိုချက်တီနိုဟာ မော်ရင်ဟိုကို ထုတ်ပယ်ပြီး  နောက်သူ့နေရာကို အစားထိုးဝင်ရောက်မယ်လို့ ထင်ကြေးပေးခံထားရသူလည်း ဖြစ်ပါတယ်။  ဒါပေမဲ့ မော်ရင်ဟိုကို ထုတ်ပယ်ပြီးနောက် ယာယီနည်းပြအဖြစ်တာဝန်ယူခဲ့တဲ့ ဆိုးလ်ရှားရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အသင်းက ဆိုးလ်ရှားကို နည်းပြအဖြစ်ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။  ယူနိုက်တက်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။  ယူနိုက်တက်အသင်းဟာ အဲဗာတန်ကွင်းမှာ ၂၀၁၇ ခုနှစ်ကတည်းက အနိုင်ရရှိခဲ့ခြင်း မရှိဘဲ ဒီပွဲကို နောက်ခံလူ လင်ဒီလော့ဖ်က ဒဏ်ရာကြောင့် လွဲချော်ရနိုင်တယ်လို့လည်း ဆိုးလ်ရှားက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up