မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ လူနာသစ် ၈ ဦး ထပ်မံတွေ့ရှိ
DVB
·
October 30, 2020

ပဲခူးတိုင်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ အောက်တိုဘာ ၂၉ ရက်နေ့က ကိုဗစ်-၁၉ လူနာသစ် ၈ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၇ နေ့က ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၀၀ ကို ပေးပို့စစ်ဆေးချက်အရ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၈ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
အားလုံးက ရန်ကုန်ပြန်တွေဖြစ်ပြီး သက်ဆိုင်ရာ Quarantine စင်တာတွေမှာ ဝင်နေသူတွေ ဖြစ်ပါတယ်။
လူနာသစ် ၈ ဦးကို မင်းလှဆေးရုံမှာပဲ ဆေးကုသပေးသွားမယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့ညအထိ မင်းလှမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃၀ ဦးနဲ့ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းသူ ၁၁၃ ဦးရှိပြီး ပြည်ဆေးရုံကြီးမှာ ၂ ဦး၊ မင်းလှဆေးရုံမှာ ၁၅ ဦး ထားရှိ ကုသပေးနေတယ်လို့ သိပါတယ်။
ပဲခူးတိုင်းအတွင်း အောက်တိုဘာ ၂၈ ရက်နေ့အထိ အတည်ပြုလူနာ ၂၅၈၇ ဦးထိ ရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၄၈၈ ဦးနဲ့ သေဆုံလူနာ ၂ ဦး ရှိတယ်လို့ ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သက်နိုင်ဝင်း