Home
မြန်မာသတင်း
မကွေးမြို့တွင် ပါတီကြီး ၂ ခု ပြဿနာမဖြစ်စေရန် ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်
DVB
·
October 28, 2020
122983003_2452013215100125_1211383664983501541_o
122752513_2452011368433643_1464938551428952597_o
122636410_2452013111766802_6571109799151076102_o
122767863_2452010925100354_8394127248840169422_o
122712885_2452011051767008_5605833340435605920_o
မကွေးမြို့မှာ အောက်တိုဘာလ ၂၈ ရက် မနက်ပိုင်းက အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီက ဝန်းရံ သူတွေ ထိပ်တိုက်တွေ့ဆုံနေတာကြောင့် ပြဿနာမဖြစ်စေဖို့ ရဲတပ်ဖွဲ့က လုံခြုံရေးယူ ဆောင်ရွက်ပေးခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောပါတယ်။ မကွေးမြို့မှာ အန်အယ်လ်ဒီ ပါတီဝန်းရံသူတွေက ဧရာဝတီမြစ်အတွင်းမှာ ရေယာဉ်တွေနဲ့ အင်အားပြစည်းရုံးတာတွေ လုပ်ဆောင်ခဲ့သလို ကြံ့ခိုင်ရေးပါတီကလည်း ကမ်းနားလမ်းအတိုင်း အင်အားပြ လှည့်လည်တဲ့အချိန် ပါတီနှစ်ခု မနက် ၁၁ နာရီကနေ ၁၂ နာရီအထိ ထိပ်တိုက်ဆုံတွေ့ခဲ့ပြီး မဲဆွယ်သီချင်းတွေ အပြိုင်အဆိုင်ဖွင့် ကခုန်သီဆိုခဲ့ကြတာပါ။ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က "NLD ပါတီနဲ့ USDP ပါတီကဝန်းရံသူတွေ မကွေးမြို့ ကမ်းနားလမ်းမှာ ထိပ်တိုက် ဆုံတွေ့တာကြောင့် ပြဿနာ ဖြစ်ပွားမှုမရှိအောင် ရဲတပ်ဖွဲ့ဝင်တွေက လမ်းကြောင်းလွှဲပေးပြီး အချိန်မီ ထိန်းသိမ်းနိုင်ခဲ့တယ်" လို့ ပြောပါတယ်။ ပြဿနာမဖြစ်အောင် ရဲတပ်ဖွဲ့ဝင်တွေက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ဒီဗွီဘီကို ပြောပါတယ်။ "ထောက်ခံအားပေးသူတွေအနေနဲ့ကလည်း စိတ်ဓာတ်တက်ကြွနေကြတဲ့အတွက် ပြဿနာ တက်လို့ရှိရင် တိုင်းပြည်အတွက်လည်း မကောင်းတဲ့အတွက် အချိန်မီတားမြစ်နိုင်လို့ ရဲတပ်ဖွဲ့ကို ကျေးဇူးတင်တယ်။" သတင်း - မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024