Home
သတင်းဓာတ်ပုံ
ဝေဘာဂီအထူးကုဆေးရုံအတွက် အောက်ဆီဂျင်လှူဒါန်းနိုင် (ဓာတ်ပုံ)  
DVB
·
October 7, 2020
DSC08206
DSC08198
DSC08195
DSC08184
DSC08163
DSC08152
DSC08145
DSC08137
DSC08132
DSC08119
DSC08098
DSC08067
DSC08043
ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး ရှေ့တန်းက တာဝန်ထမ်းဆောင်နေတဲ့ ဝေဘာဂီ အထူးကု ဆေးရုံကြီးမှာ  ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ အသုံးပြုဖို့ အောက်စီဂျင်အိုး ၁၀၀ လောက် နေ့စဉ်  အသုံးပြုနေရတယ်လို့  ဝေဘာဂီ အထူးကု ဆေးရုံကြီးက သိရပါတယ်။ ကိုဗစ် ဒုတိယလှိုင်းမှာ ဝေဘာဂီ အထူးကု ဆေးရုံကြီးမှာ  အောက်စီဂျင်အရေးပေါ် လိုအပ်နေလို့ နာရေးကူညီမှုအသင်း (ရန်ကုန်)က နေ့စဉ် အောက်စီဂျင်အိုး (၄၀ မှ ၅၀)အိုးကြား တောင်ဥက္ကလာစက်မှုဇုန်ကနေ  သွားရောက်ဝယ်ယူ လှူဒါန်းပေးနေတာဖြစ်ပြီး အလှူရှင်တွေ ထပ်မံလိုအပ်နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဆလင်ဒါအိုးနဲ့ အောက်စီဂျင်ဓာတ်ငွေ့ လှူဒါန်းပေးမယ့် အလှူရှင်တွေကို နာရေးကူညီမှုအသင်းကဖိတ်ခေါ်နေပြီး ဆလင်ဒါအိုး ၁  လုံးကို ကျပ်  ၁၈၀,၀၀၀၊ အောက်စီဂျင် ဓာတ်ငွေ့ ၁ လုံးပြန်ဖြည့်လျှင် ကျပ် ၃၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကတော့ ဆေးရုံတွေမှာ အောက်စီဂျင်လိုအပ်ပါက တပ်မတော်အနေနဲ့ ပေးပို့သွားမယ်လို့ ပြောကြားထားပါတယ်။   Photo - Ye Myo Khant / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024