Home
မြန်မာသတင်း
ရန်ကုန်ကိုကူညီရန် ကယားကျန်းမာရေးဝန်ထမ်း ၂၀ ဒုတိယအကြိမ်စေလွှတ်
နော်နိုရင်း
·
October 2, 2020
120602082_10221019040199076_6735789048219454769_o
120558216_10221019042959145_3928306236277937420_n
120539176_10221019043479158_5870424467169506485_o
120391346_10221019041039097_9009054352248792030_n
120390788_10221019042039122_1509485463235321396_n
120333518_10221019040439082_8648435545623855869_n
120224853_10221019041559110_8410417523931265336_n
ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေတဲ့ ရန်ကုန်မြို့မှာ အားဖြည့်ကူညီဖို့ ကယားပြည်နယ်က ကျန်းမာရေးဝန်ထမ်း အယောက် ၂၀ ကို ဒုတိယအကြိမ်အနေနဲ့ အောက်တိုဘာ ၂ ရက်နေ့က စေလွှတ်လိုက်ပါတယ်။ အစိမ်းရောင်ဝတ် သူနာပြုဆရာမကြီး  ၁ ဦး ခေါင်းဆောင်ပြီး သူနာပြု ၁၉ ဦး စုစုပေါင်း အယောက် ၂၀ ဟာ ဒီကနေ့မနက် ၅ နာရီကျော်က လွိုင်ကော်မြို့ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးကနေ  ထွက်ခွာသွားတာပါ။ သူတို့တွေဟာ ရန်ကုန်မြို့ သု၀ဏ္ဏကွင်းမှာ ဖွင့်လှစ်ထားတဲ့ ဧရာဝတီ ကိုဗစ်ကုသရေးစင်တာမှာ သွားရောက်ဆောင်ရွက်မယ်လို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။ “ရန်ကုန်တိုင်းမှအပ တခြားတိုင်းနဲ့ပြည်နယ်အသီးသီးကနေပြီးတော့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သူနာပြုတွေကို သူက ကူညီပေးဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လှမ်းပြီးတော့ တောင်းခံတဲ့အခါမှာ ကယားပြည်နယ်ကနေပြီးတော့ ဒုတိယအသုတ် ကျနော်တို့ သူနာပြု ၂၀ ကို စေလွှတ်ခြင်းဖြစ်ပါတယ်။ အခု ဒီသူနာပြု ၂၀ လုံးမှာ အဖွဲ့ခေါင်းဆောင်အနေနဲ့ မယ်စဲမြို့နယ်ကနေပြီးတော့ အထက်တန်းသူနာပြုတဦး ခေါင်းဆောင်ပြီးတော့ ၂၀ သွားမှာဖြစ်ပါတယ်။ အမျိုးသားတဦးနှင့် အမျိုးသမီး ၁၉ ဦး။ အခု ဒုတိယအကြိမ်စေလွှတ်တဲ့ အသုတ်ကတော့ ရန်ကုန် ဧရာကိုဗစ်ကုသရေးစင်တာပဲ စေလွှတ်သွားမှာဖြစ်ပါတယ်။ ” ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေတဲ့ ရန်ကုန်မြို့မှာ အားဖြည့်ကူညီဖို့ ကယားပြည်နယ်အနေနဲ့ စက်တင်ဘာ ၁၅ ရက်နေ့က သူနာပြု အယောက် ၂၀ ကို ပထမအသုတ်အနေနဲ့ စေလွှတ်ခဲ့ပြီး သူတို့တွေကတော့ ရန်ကုန်ရှိ ဖောင်ကြီး ကိုဗစ်ကုသရေးစင်တာနဲ့ ဒဂုံဆိပ်ကမ်းဆေးရုံမှာ ကုသပေးနေဆဲဖြစ်ပါတယ်။ စေလွှတ်ခဲ့တဲ့ သူနာပြုတွေကို ၁ လနေဖို့ သတ်မှတ်ထားပြီး ဒီကနေ့အထိ အားလုံး ကျန်းမာရေးကောင်းမွန်နေပြီး ကိုဗစ်ကူးစက်ခံထားရတာ မရှိဘူးလို့လည်း ဒေါက်တာဌေးလွင်က ပြောပါတယ်။ သွားရောက်ကူညီကြတဲ့ သူနာပြုတွေကို ပြည်နယ်အစိုးရက တဦးကို ကျပ် ၁ သိန်းနှုန်းနဲ့ ထောက်ပံ့ကူညီပေးထားပြီး၊ ပြည်နယ်ကျန်းမာရေးဌာနနဲ့ သူနာပြုနဲ့သားဖွားဌာနတွေအပြင် ပြည်နယ်တွင်း စေတနာရှင်တွေကလည်း သူတို့ကို ငွေကြေးအရဖြစ်စေ စားသောက်ဖွယ်ရာတွေကို ကူညီထောက်ပံ့ပေးပါတယ်။ ဒီကနေ့ စေလွှတ်တဲ့ သူနာပြု ၂၀ ထဲမှာ လွိုင်ကော်ပြည်သူ့ဆေးရုံက သူနာပြုအများစုဖြစ်ပြီး ကျန်တဲ့မြို့နယ်တွေ သူနာပြုတွေကို မျှပြီး စေလွှတ်ပေးတာဖြစ်လို့ ဒီတသုတ်မှာ အများစုကတော့ အခုမှ အလုပ်ဝင်တဲ့ သူနာပြုအသစ်တွေ များတေယ်လို့ ဒေါက်တာဌေးလွင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024