ဘူဂိန်းဗဲလ်ကျွန်းတွင် သူပုန်စစ်ခေါင်းဆောင်ဟောင်းကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်

FILE PHOTO: Residents hold a Bougainville flag at a polling station during a non-binding independence referendum in Arawa, on the Papua New Guinea island of Bougainville November 26, 2019. REUTERS/Melvin Levongo
တောင်ပစိဖိတ်ဒေသတွင်းက ဂျာမန်အင်ပါယာ လက်အောက်ခံဖြစ်ဖူးတဲ့ ဘူဂိန်းဗဲလ်ကျွန်း ဒေသမှာ သူပုန်စစ်ခေါင်းဆောင်ဟောင်း အစ်ရှ်မေးလ်တိုရိုအာမာကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်ပါတယ်။ ရွေးကောက်ပွဲကို ဩဂုတ်လ ၁၂ ရက်ကန စက်တင်ဘာ ၁ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ဒီရွေးကောက်ပွဲဟာ မနှစ် နှစ်ကုန်ပိုင်းမှာ ဘူဂိန်းဗဲလ်ကျွန်းအနေနဲ့ ပါပူအာ နယူးဂီနီနိုင်ငံကနေ ခွဲထွက်ဖို့ အားတက်သရော မဲပေးခဲ့အပြီး ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲ လည်း ဖြစ်ပါတယ်။ ပါပူအာနယူးဂီနီနိုင်ငံဆီကနေ လွတ်လပ်ရေး အရယူမယ့် ဆွေးနွေးပွဲတွေကိုလည်း သူပဲ ဦးဆောင်မယ်လို့  ရွေးကောက်ပွဲကော်မရှင် အရာရှိတွေက စက်တင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။ သတ္တုကြွယ်ဝတဲ့ ကျွန်းစုဒေသ ဘူဂိန်းဗဲလ်ဟာ ဆယ်စုနှစ်ချီ ပြည်တွင်းစစ်ကြောင့် လူ ၂၀၀၀၀ လောက် သေဆုံးခဲ့အပြီး ၁၉၉၈ မှာ စစ်ပွဲပြီးဆုံးခဲ့တဲ့အတွက် စီးပွားရေး တိုးတက်မှု နည်းနည်းသာ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up