Live
Home
မြန်မာသတင်း
ရေးဒေသထွက် ထိုင်းမျိုးစပ်ကြက်မောက်သီးများ ဈေးကောင်း ရရှိ
DVB
·
August 31, 2020
မွန်ပြည်နယ် ရေးမြို့နယ် သစ်သီးဈေးကွက်မှာ မြ၀တီက တင်သွင်းလာတဲ့ ကြက်မောက်သီး ဈေးတွေ မြင့်တက်လာတာနဲ့အမျှ ရေးဒေသထွက် ကြက်မောက်သီးပါ ဈေးကောင်းရနေတယ်လို့ ဒေသခံ သစ်သီးကုန်သည်တွေက ပြောပါတယ်။ အခုရက်ပိုင်း ကိုဗစ်ကာလမှာ ခရီးသွားတွေ သိပ်ပြီးမရှိပေမဲ့ မြ၀တီမြို့နယ်စပ်က ဝင်လာတဲ့ ကြက်မောက်သီးတွေက ရေးမြို့ဈေးကွက်မှာ ၁ ပိဿာကို ကျပ် ၆၀၀၀ လောက်အထိ ရောင်းချပေမယ့်စားသုံးသူတွေ ဈေးကြီးပေးဝယ်စားရသလို အသီးက လတ်ဆတ်မှုလည်းမရှိတဲ့အခါ အရောင်းအဝယ်က အေးနေတယ်လို့ သိရပါတယ်။ ရေးဒေသက ထွက်တဲ့ ထိုင်းမျိုးစပ် ကြက်မောက်သီးကတော့ ၁ ပိဿာကို ပြီးခဲ့တဲ့ရာသီက ၁ ပိဿာကို ကျပ် ၂၅၀၀ ကျပ်သာရပေမဲ့  အခုလက်ရှိ ရာသီပေါက်ဈေးက ကျပ် ၄၀၀၀ အထိရကြပြီး ဈေးကလည်းရသလို မြ၀တီက ဝင်လာတဲ့အသီးထက် ပိုမိုအရသာရှိပြီး လတ်ဆတ်မှုကို စားသုံးသူတွေ အကြိုက်တွေ့စေတဲ့အခါ ပိုမိုဝယ်ယူလာကြတယ်လို့ တောင်သူတွေကပြောပါတယ်။ ရေးမြို့နယ်မှာ ထိုင်းမျိုးစပ်ကြက်မောက်သီးကို တောင်သူတွေ တပိုင်တနိုင် အရင်ကထက် ပိုမိုစိုက်ပျိုးလာကြပေမဲ့ နှစ်စဉ်ရာသီဥတုဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများတဲ့နှစ်နဲ့ ကြုံရတိုင်း ကြက်မောက်သီး ဈေးလည်းမရကြတဲ့ နှစ်တွေဆို တောင်သူတွေ အများစု စားစရိတ်တွေ အရှုံးပေါ် လေ့ရှိပါတယ်။ သတင်း- နေမျိုးထွဋ် (ရေး)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024