Home
မြန်မာသတင်း
ချင်းပြည်နယ် အဝင်ထွက်ဂိတ်များတွင် ကြပ်မတ်စစ်ဆေးနေ
DVB
·
August 28, 2020
117946106_319521909364470_4627660262419778749_n
118160801_319521799364481_936891400999859932_n
118088654_319521876031140_3205520410746227118_n
118047449_319521746031153_1414521183235495373_n
118014923_319521776031150_7347166010914257173_n
ချင်းပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားလာတာမရှိစေဖို့  ပြည်နယ်အတွင်း ဝင်ရောက်တဲ့ အဝင်အထွက်ဂိတ်တွေနဲ့ မြို့အဝင်ဂိတ်တွေကို ဩဂုတ် ၂၇ ရက်ကစပြီး  စိစစ်ကြပ်မတ်နေပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉  ပြန့်ပွားမှုများပြားလာတဲ့ အခြေနေအရ စိစစ်ဆောင်ရွက်နေ တာဖြစ်ပြီး  ရောဂါဖြစ်ပွားတဲ့ ဒေသက ပြန်လာသူတွေကို Quarantine ထားရှိမယ်လို့ သိရပါတယ်။ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က “ဆောင်ရွက်နေကျဆိုတာထက် အခုရက်ပိုင်းမှာ အရင်ထက်ပိုမိုထိရောက်အောင် စိစစ် ကြပ်မတ်နေပါတယ်။ လက်ရှိအခြေနေက ရခိုင်ပြည်နယ်ဘက်မှာ ကိုဗစ်-၁၉ ပိုဆိုးလာတာရယ်၊ အိန္ဒိယဘက်က နယ်စပ်တွေမှာ Lockdown တွေ ပြန်ဖြစ်လာတာရယ်ကြောင့်ပါ။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေလည်း အမြဲလုပ်နေပါတယ်"လို့ ပြောပါတယ်။ ချင်းပြည်နယ်ထဲက မြို့နယ်တွေမှာလည်း ခရီးသွားလမှုစိစစ်တာ၊ ကိုယ်ပူချိန်တိုင်းတာ၊ ကျန်းမာရေးစစ်ဆေးတာတွေနဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေလည်း လုပ် ပါတယ်။ ချင်းပြည်နယ်မှာ လတ်တလော ကိုဗစ်-၁၉  ကူးစက်ခံထားရသူ ၄ ဦးရှိပြီး လက်ရှိမှာ တီးတိန်မြို့ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေပါတယ်။ မြန်မာနိုင်ငံမှာ ဩဂုတ် ၂၈ ရက် မနက်အထိ  ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆၂၈ ဦးရှိနေပြီး ပိုးကင်းစင်လာသူ ၃၄၉ ဦးရှိကာ သေဆုံးသူ ၆ ဦးရှိပါတယ်။ သတင်း- ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024