မန္တလေးတိုင်းတွင် လူပေါင်း ၁၀၀၀ ခန့်ကို Quarantine ထားရှိ 

ကန်တော်နဒီဆေးရုံ
မန္တလေးတိုင်းမှာ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း လူပေါင်း ၃၀၀၀၀ လောက်ကို အသွားအလာကန့်သတ်စောင့်ကြပ် Quarantine ထားရှိခဲ့ပြီး  ဒီနေ့အထိ လူပေါင်း ၁၀၀၀ လောက်ဟာ စောင့်ကြပ်စခန်းတွေမှာ ရှိနေတယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။ ဒီမနက်စာရင်းအရ မန္တလေးတိုင်းထဲမှာ စောင့်ကြည့်ဆဲလူပေါင်း ၉၉၅ ယောက်ရှိပြီး ပြင်ဦးလွင်ခရိုင်ထဲမှာ အယောက် ၄၉၀၊ မန္တလေးခရိုင်ထဲမှာ ၂၉၈ ယောက်နဲ့ အများဆုံး စောင့်ကြည့်နေတာပါ။ တိုင်းတခုလုံးမှာ အစိုးရက စီစဉ်ထားတဲ့ အသွားအလာကန့်သတ် စောင့်ကြည့်နေရာပေါင်း ၄၅၇ နေရာရှိပြီး လူပေါင်း ၂၆၀၀၀ ကျော်ကို ထားရှိခဲ့ပါတယ်။ မြင်းခြံနဲ့ မိတ္ထီလာခရိုင်ထဲမှာ နေရာပေါင်း ၂၅၀ လောက်ရှိပြီး တိုင်းတခုလုံးမှာတော့ လူပေါင်း ၁၆၀၀၀ လောက်ကို တပြိုင်တည်း စောင့်ကြည့်ကြပ်ရှုနိုင်ပါတယ်။ ဟိုတယ်ကွာရန်တင်းအနေနဲ့ကတော့ မန္တလေးမှာ ဟိုတယ် ၂ လုံး၊ ပုဂံမှာ ဟိုတယ် ၃ လုံး၊ စဉ့်ကူးနဲ့ မိတ္ထီလာမြို့တို့မှာ ဟိုတယ်တလုံးစီ ရှိပေမယ့် ဟိုတယ် ၅ လုံးပဲ အသုံးပြုခဲ့ရပြီး စုစုပေါင်း လူ ၂၂၆ ယောက်ကို စောင့်ကြည့်ခဲ့ပါတယ်။ မန္တလေးတိုင်းထဲမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ယောက်တွေ့ခဲ့ရပြီး လတ်တလော မှာတော့ လူနာတွေ မရှိတော့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up