ပါကစ္စတန်လွတ်လပ်ရေးနေ့အခမ်းအနား သမ္မတတက်ရောက်

သြဂုတ်လ ၁၄ ရက်မှာ ကျရောက်တဲ့ ပါကစ္စတန်နိုင်ငံရဲ့  ၇၄ နှစ်မြောက်  လွတ်လပ်ရေးနေ့ အခမ်းအနားကို သမ္မတ အာရစ်ဖ်အယ်ဗွီ တက်ရောက်ပြီး အိန္ဒိယ ကတ်ရှ်မီးယားပြည်သူတွေနဲ့ တသားတည်းရှိတယ်လို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မြို့တော်အစ္စလာမ်ဘတ်ရှိ သမ္မတအိမ်တော်မှာ  အလံတင် အခမ်းအနားလုပ်ခဲ့ပြီး မိန့်ခွန်းထဲမှာ သမ္မတ အယ်ဗွီက  ကတ်ရှ်မီးယား ပြည်သူတွေကို မဆုတ်မနစ် ထောက်ခံတယ်လို့ ပြောပါတယ်။  “ကတ်ရှ်မီးယား အရေးကိစ္စမှာ အစိုးရနဲ့ အတိုက်အခံ တသဘောတည်း ဖြစ်ပါတယ်။  ကတ်ရှ်မီးယား ညီနောင်တွေကို ပစ်မထားပါဘူး။ ဒီကိစ္စကို ဆက်တိုက်ပွဲဝင်သွားမှာပါ “ လို့လည်း  ပါကစ္စတန်သမ္မတ အယ်ဗွီက ပြောပါတယ်။  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ကရာချိမြို့က ပါကစ္စတန်နိုင်ငံ ဖခင်ကြီး အလီဂျင်းနားရဲ့ ဂူဗိမာန်မှာလည်း  ရေတပ်ဗိုလ်လောင်းတွေရဲ့ အစောင့်တပ်ဖွဲ့ တာဝန်လွှဲပြောင်းခြင်း  အခမ်းအနားကို ကျင်းပပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up