Home
မြန်မာသတင်း
သထုံတွင် ကျပ်သိန်း ၄၀၀၀၀ နီးပါးတန်ဖိုးရှိ ICE နှင့် WY ဆေးပြားများ ဖမ်းဆီးရမိ
DVB
·
August 14, 2020
117586711_3340091619374559_8030718164805144054_n
117310712_3340091689374552_2237796322802328064_n
117103981_3340091352707919_6014003839723134911_n
116871506_3340091876041200_7234602355788684359_n
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ လာရောက် စားသောက်နေသူ တစ်ဦးထံကနေ  ကျပ်သိန်းပေါင်း ၄၀၀၀၀ နီးပါးတန်ဖိုးရှိ ICE နဲ့ WY မူးယစ်ဆေးပြားတွေကို သြဂုတ် ၁၃ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက သတင်းအရ စားသောက်ဆိုင်မှာ စောင့်ဆိုင်းနေစဉ်  Honda fit ခဲရောင်အမျိုးအစားယာဉ်နဲ့ ဝင်ရောက်လာတဲ့ လားရှိုးမြို့နေ  စိုင်းကျော်နိုင်(ခ)ကျော်ကျော် ၂၉ နှစ်ကို စစ်ဆေးခဲ့ရာကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်နယ်မှုခင်းနှိမ်နင်းရေး အကူဌာနက သိရပါတယ်။ အဲ့ဒီမော်တော်ယာဉ်ကိုစစ်ဆေးရာမှာ ယာဉ်အတွင်းကနေ ICE တစ်ကီလိုဂရမ်ပါ ၂၂ ထုပ်၊ ICE တစ်ကီလိုဂရမ်ကို  ကျပ်သိန်း ၅၀၀ နှုန်းနဲ့  စုစုပေါင်း ကျပ်သိန်းပေါင်း ၁၁၀၀၀  တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေဖမ်းမိခဲ့ပါတယ်။   ဒါ့အပြင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြားတစ်ထုပ်လျင် ဆေးပြား ၁၉၅ ပြားပါ အထုပ်ပေါင်း ၂၉၀၀ ထုပ်၊ စုစုပေါင်း WY ဆေးပြား ၅၆၅၅၀၀ ပြား၊ တစ်ပြားလျင် ၅၀၀၀ ကျပ်နှုန်းနဲ့  တန်ဖိုး ကျပ်သိန်းပေါင်း ၂၈၂၇၅ သိန်း၊ စုစုပေါင်း ကျပ်သိန်းပေါင်း ၃၉၂၇၅ သိန်းခန့်ကို ဖမ်းဆီးရမိတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ အဆိုပါ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး စိုင်းကျော်နိုင်(ခ)ကျော်ကျော်ကို သုဓမ္မဝတီ နယ်မြေရဲစခန်းက မူးစိတ်ပြောင်းပုဒ်မ၁၉(က)/၂၀(က)အရ အမှုဖွင့် အရေးယူ ထား ပါတယ်။ သတင်း - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024