ပန်းချီပညာရှင် ၁၆ ဦး၏ Green Season စုပေါင်းပန်းချီပြပွဲ ပြုလုပ် (ဓာတ်ပုံ)
မောင်တူး
·
August 10, 2020
ပန်းချီပညာရှင် ၁၆ ဦးရဲ့ Green Season အမည်ရှိ စုပေါင်းပန်းချီပြပွဲကို အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ မင်္ဂလာလမ်းက Artissmile Art Gallery မှာ ပြုလုပ်နေပါတယ်။
ဒီပြပွဲကို သြဂုတ်လ ၉ ရက်ကနေ ၁၅ ရက်အထိ ၇ ရက်ကြာ နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း ဖွင့်လှစ်ပြသသွားမှာပါ။
ပန်းချီကား ၈၀ ကျော် ပြသထားပြီး ၁ ကားကို အမေရိကန် ဒေါ်လာ ၁၀၀ ကနေ ၃၀၀၀ အထိ ရောင်းဈေး သတ်မှတ်ထားပါတယ်။