ရှစ်လေးလုံးအမှတ်တရ “မြင့်မြတ်တဲ့မော်ကွန်းဝင်ချိန်” သီချင်း (ရုပ်သံ)
DVB
·
August 7, 2020

လာမယ့် ဩဂုတ်လ ၈ ရက်နေ့ကတော့ မြန်မာ့သမိုင်းမှာ မေ့ဖျောက်လို့မရတဲ့ ရှစ် လေးလုံးအရေးတော်ပုံလို့ သိကြတဲ့ အထိမ်းအမှတ်နေ့ တနေ့ဖြစ်ပြီး ဒီအဖြစ်အပျက်ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ သီချင်းတပုဒ် ထွက်လာခဲ့ပါတယ်။
“မြေပြင် တုန်လှုပ်စေမယ့်… ခြေသံ ဆူညံသွားချိန်… ခွပ်ဒေါင်းအလံတော်ဆီသို့ ပြေးတက်ကြတဲ့ သတ္တိရှိတဲ့ ရဲဝံ့တဲ့ ကျောင်းသားများရဲ့… ပေတရာပေါ် စိုစွတ်နီစွေး… အာဇာနည်သွေး… မခြောက်သေးချိန်… တို့များ ချီလေ ရပ်မနား… မိုးတောထဲလား… မီး တောထဲလား… မြင့်မြတ်တဲ့ တိုက်ပွဲဝင်ချိန်… ဟိုမှာ ကျည်ဆံတွေ မိုးလိုရွာ… စစ်ဖိနပ်သံ များ ဆူညံသောနေရာ… အားမတ် သံချပ်ကားသံများ… ကြောက်သလား… မှန်ရာကို ပြောဆိုဖို့… မှန်ရာကို ပြုမူဖို့… ဒီတိုက်ပွဲ နွှဲဖို့ကြောက်လား”
“မြင့်မြတ်တဲ့မော်ကွန်းဝင်ချိန်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ကွယ်လွန် ခဲ့ပြီဖြစ်တဲ့ တေးရေးဂီတပညာရှင် စောဘွဲ့မှူးက ရေးစပ်ပေးထားခဲ့ပြီး တေးသံရှင် တူး တူးက သီဆိုပေးထားခဲ့တာပါ။
ဒီသီချင်းကို တေးရေး စောဘွဲ့မှုးက မကွယ်လွန်ခင်မှာ ရေးသားခဲ့ပြီး မဆိုဖြစ်ခဲ့တဲ့ သီချင်းအသစ်တပုဒ်ဖြစ်ကာ ရှစ်လေးလုံးအရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ ဘုန်းမော်၊ စိုးနိုင် တို့နဲ့တကွ ကျောင်းသား/သူတွေ၊ ပြည်သူတွေအားလုံးကို ဂုဏ်ပြုအမှတ်တရအနေနဲ့ တေးသံရှင် တူးတူး— က ဒီသီချင်းလေးကို သီဆိုအသက်သွင်းထားတာဖြစ်ပါတယ်။
“ပြည်သူများ ပါဝင်ခဲ့ရာ… တိုက်ပွဲ ခေါ်သံတွေမစဲ… အ.ထ.က. ရဲ့ ကျောင်းသား များလည်း… ရဲဝံ့တဲ့ သတ္တိပြခဲ့… ဂန္ထဝင် တိုက်ပွဲဝင်ခြင်း… ရာဇဝင် တွင်အောင် တို့တ တွေ… အသက်သွင်း ပေတရာပေါ်စတေး… လွတ်လပ်မှုအတွက်… ရဲဝံ့မှုအတွက်… မြင့် မြတ်တဲ့ တိုက်ပွဲဝင်ချိန်”
ဒီသီချင်းရုပ်သံကိုတော့ Tay Than Thar Music ကနေ ဖြန့်ချိပေးထားခဲ့တာဖြစ်ပြီး တူးတူးရဲ့ သီဆိုမှုနဲ့အတူ မေ့ဖျောက်မရနိုင်တဲ့ အတိတ်ပုံရိပ်တွေနဲ့အတူ ဖန်တီးပုံဖော်ပေး ထားခဲ့တာ ဖြစ်ပါတယ်။