မြန်အောင်မြို့နယ်ရှိ အိမ်ထောင်စု ၂၈၈၅၉ အတွက်အစိုးရက ငွေကြေးထောက်ပံ့ကူညီ
DVB
·
July 28, 2020
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေးကာလ အခက်အခဲရှိနေတဲ့ ပြည်သူတွေအတွက် အစိုးရက အိမ်ထောင်စုတစ်စုလျှင် ကျပ်ငွေ ၂၀၀၀၀ စီ ထောက်ပံ့ ကူညီပေးနေပါတယ်။
အခုလိုကူညီတာတွေကို မြန်အောင်မြို့နယ် ညောင်မြစ်ဆွဲကျေးရွာ အုပ်စုမှာ ဇူလိုင်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ပြုလုပ်ခဲ့ပါတယ်။
မြန်အောင်မြို့နယ်ထဲမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၆၉ အုပ်စုရှိပြီး အိမ်ထောင်စု ၂၈၈၅၉ ကို အစိုးရက ကူညီပေးတာဖြစ်ပါတယ်။
ဒါအပြင် မြို့နယ်ထဲက လူမှုရေးအဖွဲ့အစည်းတွေကလည်း ဆင်းရဲနွမ်းပါးသူတွေနဲ့ ကျပန်း အလုပ်သမားတွေကို ထောက်ပံ့ကူညီပေးနေပါတယ်။
မြန်အောင်မြို့နယ်ထဲမှာ ဇူလိုင် ၂၆ ရက်အထိ ပြည်ပက ပြန်ဝင်လာသူတွေနဲ့ တခြားမြို့တွေက ပြန်လာသူ ၂၁ ဦးကို quarantine စခန်း ၃ ခုမှာ စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။