Home
မြန်မာသတင်း
ညောင်လေးပင်မြို့၌ ကျပ်သိန်း ၃၀ တန် အချက်ပြမီးပွိုင့် လမ်းဘေးတွင် စွန့်ပစ်ခံထားရ
DVB
·
July 27, 2020
116263554_2427133904245970_5109318376375026917_n
110334903_2427133600912667_1287348353291281563_n
109966584_2427133430912684_1356769743932531583_n
109937112_2427133830912644_2697055740509542606_n
109360042_2427133404246020_1341534926973711574_n
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ ပြည်သူ့ဘဏ္ဍာငွေ  ကျပ်သိန်း ၃၀ နဲ့ ဝယ်ယူထားတဲ့ အချက်ပြ မီးပွိုင့်ကို တပ်ဆင်ထားခြင်းမရှိပဲ ​မြို့နယ်စည်ပင်ဌာနက ဖြုတ်သိမ်းပြီး လမ်း​ဘေး​ရေနုတ်​​မြောင်းအတွင်းပစ်ထားလို့ ပျက်စီးသွားမှာကို  ဒေသခံတွေက စိုးရိမ်နေပါတယ်။ မြို့နယ်ယာဉ်လုပ်ငန်းများ ​​​ကြီး​ကြပ်​ရေးကော်မတီက ကျပ် သိန်း ၃၀ အကုန်ကျခံကာ အချက်ပြမီးပွိုင့်နှစ်ခုကို ဝယ်ယူပြီ ကျောင်းသူကျောင်းသားတွေ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ကာ အထက (၂) အထက်တန်းကျောင်းရှေ့မှာ လွန်ခဲ့တဲ့ ​လေးငါးနှစ်ကတည်းက တပ်ဆင်ခဲ့တာဖြစ်​ပြီး မနှစ်ကလမ်းတိုးချဲ့​ပြု​ပြုချိန်မှာ ​မြို့နယ်စည်ပင်သာယာက ဖြုတ်သိမ်းသွားတာ ​ဖြစ်တယ်လို့  မြို့ခံ ဦးဟန်ဝင်းက ပြောပါတယ်။ လမ်း​တိုးချဲ့​ပြု​ပြင်ပြီးသွားပေမယ့်  စည်ပင်ဌာနအနေနဲ့ ခုအချိန်အထိ အချက်​ပြမီးပွိုင့်ကို တပ်ဆင်ချင်းမရှိဘဲ လမ်း​ဘေး​ရေနုတ်​​မြောင်းအတွင်းပစ်ထားတာဟာ မ​ဖြစ်သင့်သလို  စာသင်ကျောင်းတွေ ပြန်လည်ဖွင့်ချိန်မှာ ကျောင်းသူကျောင်းသားတွေအတွက် ယာဉ် အန္တရာယ်မဖြစ်ပေါ်စေဖို့ ပြန်လည်တပ်ဆင်ပေးဖို့လည်း ဒေသခံ တစ်ဦးက တိုက်တွန်းပါတယ်၊ “စာသင်ကျောင်းက ရန်ကုန်-မန္တ​လေး အဝေးပြေးကားလမ်းမှဘေးမှာရှိနေတော့ ကျောင်းသူကျောင်းသားလေးတွေအတွက် ယာဉ် အန္တရာယ်ဖြစ်မှာကို မိဘတွေက စိုးရိမ်ကျတယ်လေ၊ စည်ပင်ဌာနကဖြုတ်ပြီး ရေမြောင်းဘေးမှာ အချိန်အကြာကြီးပစ်ထားတာလေ၊ ပျက်သွားရင်စည်ပင်သာယာမှာ တာဝန်ရှိတယ်။” ညောင်လေးပင်မြို့နယ်မှာရှိတဲ့ မီးပွိုင့်တွေအားလုံးကို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနဲ့ ယာဉ် အန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ကာ ယာဉ်လုပ်ငန်းများကြီးကြပ်လို့ ရလာတဲ့ငွေနဲ့ ဝယ်ယူတပ်ဆင်ထားတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ၁၁ လပိုင်းက မြို့နယ်တွင်းမှာ ရှိတဲ့ မီးပွိုင့်တွေအားလုံးကို မြို့နယ် စည်ပင်သာယာရေးဌာနကို လွှဲပြောင်းပေးရမယ်ဆိုပြီး ညွှန်ကြား လာတာကြောင့် အချက်ပြမီးပွိုင့်တွေအားလုံးကို မြို့နယ်စည်ပင်ဌာနကို လွှဲပြောင်းထားတာဖြစ်တယ်လို့ မြို့နယ်ယာဉ်လုပ်ငန်းမှား  ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ   ဦးအောင်စိုးမိုး ပြောပါတယ်။ “အမှတ်(၂) ကျောင်းရှေ့မှာထားတဲ့ မီးပွိုင့် နှစ်ခုကတော့ ယခင်ဥက္ကဋ္ဌ ဦးတာ လက်ထက်က သိန်း ၃၀ နဲ့ ဝယ်ပြီး ကျောင်းသူကျောင်းသားတွေ ယာဉ်အန္တရာယ်မဖြစ်စေဖို့ ဝယ်ယူထားတာပါ။ စည်ပင်ဌာနကိုလည်း ပြန်လည်တပ်ပေးဖို့ ပြောထားတာတော့ ရှိပါတယ်။ အရင် အမှုဆောင်အရာရှိလက်ထက်မှာ ဖြုတ်သိမ်းထားတာဖြစ်ပြီး လက်ရှိမှာ အကြောင်းစုံ မသိရှိရသေးတာကြောင့် အချက်​ပြမီးပွိုင့်နဲ့ပတ်သက်ပြီး စည်ပင်ကော်မတီအစည်အဝေးမှာ ပြန်လည်တပ်ဆင်ဖို့အတွက် တင်ပြသွားမယ်လို့ ဦးအောင်အောင်ဖြိုး အမှုဆောင်အရာရှိက ပြောပါတယ်။ “ကျနော်ကရောက်တာမကြာသေးတော့ အကြောင်းစုံမသိရသေးဘူး။ ကော်မတီကို တင်ပြမယ်။ ပြန်လည်တပ်မယ်ဆိုရင် ဘတ်ဂျက်ကိစ္စတွေ လုပ်ရမယ်။ ကော်မတီနဲ့မပြတ်ရင် စီခန့်ကို ဆက်လက်တင်ပြမယ်။” ညောင်လေးပင်မြို့နယ်မှာ မြို့နယ်ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီရဲ့ ငွေနဲ့ ဝယ်ယူပြီး တပ်ဆင်ထားတဲ့မီးပွိုင့် ၈ ခုရှိပြီ အချက်ပြမီးပွိုင့်တွေမှာထားတဲ့ ဆိုလားပြားတွေ ခိုးယူခံရတာတွေလည်း ရှိနေပါတယ်။ သတင်း၊ဓာတ်ပုံ- နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024