ရေး-ထားဝယ်သွား ကားလမ်းပေါ်၌ ယာဉ်တိုက်မှု ၃ နေရာ ဖြစ်ပွား

မွန်ပြည်နယ်၊ ရေးမြို့ ရေး-ထားဝယ်ကားလမ်းမှာ ဇွန် ၂၈ ရက်နေ့  တညတည်း မော်တော်ယာဉ်တိုက်မှု ၃ နေရာ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိတယ်လို့ ယာဉ်ထိန်းရဲတွေက ပြောပါတယ်။ ရေး-ထားဝယ်သွားကားလမ်း တနင်္သာရီလမ်းမကြီးရှိ တပ္ပလင် နှစ်ဆူမီးပွိုင့်နေရာမှာ ယာဉ်ကြောလမ်းပြ ဘလောက်တုံးများ ကြွေမွပျက်စီးတဲ့အထိ အမည်မသိယာဉ်တစီးက တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားကာ ယာဉ်မောင်းကို စုံစမ်းနေတယ်လို့ ယာဉ်ထိန်းရဲတွေက ပြောပါတယ်။ ရေး-ထားဝယ်ကား အဏ္ဏဝါတံတား ရေချောင်းဘေးကိုလည်း လိုင်စင်မဲ့ယာဉ်တစီး ထိုးကျပြီး ယာဉ်မောင်းက တိမ်းရှောင်သွားခဲ့တာကြောင့် လိုင်စင်မဲ့ယာဉ်ကို ရေးမြို့မရဲစခန်းမှာ သိမ်းဆည်းထားပါတယ်။ ‌ရန်ကုန်-မော်လမြိုင်-ရေးပြေးဆွဲနေတဲ့ အောင်ကျော်မိုး ခရီးသည်တင် မှန်လုံယာဉ်နဲ့ ကံကောင်းခြင်းရတနာထပ်သားစက်ရုံရဲ့ ယာဉ်တို့ အဏ္ဏဝါ အဝေးပြေးယာဉ်ရပ်နားစခန်း အနီးနားမှာ မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်နောက်လိုက် ၁ ဦးနဲ့ အထပ်သား စက်ရုံ အ၀ယ်တော်ကားမှ လိုက်ပါလာသူ ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဖြစ်စဉ်တွေနဲ့အတူ ရေးမြို့မရဲစခန်းမှ ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်းတွေ ကို ဥပဒေအရ အရေးယူသွားမည်လို့ သိရပါတယ်။ နေမျိုးထွဋ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up