Home မြန်မာသတင်း ရခိုင်ကမ်းရိုးတန်း မုန်တိုင်း အန္တရာယ် ကင်းရှင်းသွားပြီ – မိုးဇလ
ရခိုင်ကမ်းရိုးတန်း မုန်တိုင်း အန္တရာယ် ကင်းရှင်းသွားပြီ – မိုးဇလ
Arakan Refugee Children မဟာစင် မုန်တိုင်းဟာ အစိမ်းရောင် အဆင့်ပြောင်းပြီး ရခိုင်ကမ်းရိုးတန်း မုန်တိုင်း အန္တရာယ် ကင်းရှင်းသွားပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက နောက်ဆုံးသတင်း ထုတ်ပြန်လိုက်ပါတယ်။
့မြန်မာစံတော်ချိန် ည (၈)နာရီ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်း မုန်တိုင်းငယ်ဟာ အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ လေဖိအားနည်း ရပ်ဝန်းအနေနဲ့ တဖြေးဖြေး အားပျော့သွားကြောင်း မိုးဇလက ခန့်မှန်းလိုက်ပါတယ်။
မုန်တိုင်းရဲ့ လက်ရှိအခြေအနေမှာ အစိမ်းရောင်အခြေအနေကို ရောက်ရှိခဲ့ပြီး၊ရခိုင်ကမ်းရိုးတန်းမှာတော့ မုန်တိုင်းအန္တရာယ်ကင်းရှင်းသွားတဲ့ အခြေအနေဖြစ်ကြောင်း မိုးဇလ ခန့်မှန်းချက်ထဲမှာ ဖော်ပြထားပါတယ်။
မိုးလေဝသဌာနက ညွှန်ကြားရေးမှူး ဦချစ်ကျော်က "အစိမ်းရောင်ရဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် မုန်တိုင်းအန္တရာယ် လုံးဝကင်းသွားပြီ။ သူတို့ ခိုအောင်းနေတဲ့နေရာ၊ ရွှေ့ပြောင်းနေတဲ့ နေရာ၊ ပုန်းခိုနေတဲ့နေရာ၊ မုန်တိုင်းကင်းလွတ်တဲ့နေရာကနေ သူတို့ထွက်လာပြီး သူတို့မြို့၊ သူတို့ရွာ၊ သူတို့အိမ်ကို ပြန်လာနိုင်တဲ့ အခြေအနေကို အစိမ်းရောင်လို့ ပြောတာပါ"လို့ ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ တိုက်ခတ်ပြီးလှိုင်းကြီးနိင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင် လေဟာ တစ်နာရီမိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း၊ မဟာစင် မုန်တိုင်းအတွက် နောက်ဆုံးသတင်းကို မိုးဇလ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းများ