ရွှေ့ပြောင်းဂေါ်ရခါးအလုပ်သမားများကို ထိုင်းနေပါလီအဖွဲ့ချုပ် စားနပ်ရိက္ခာလှူဒါန်း
DVB
·
June 21, 2020
ကိုဗစ်-၁၉ ကပ်ဘေးကာလ စားဝတ်နေရး အခက်အခဲကြုံနေတဲ့ ထိုင်းနိုင်ငံရွေ့ပြောင်း ဂေါ်ရခါးအလုပ်သမားတွေကို မြန်မာပြည်ဖွား ထိုင်းနေပါလီ (ဂေါ်ရခါး) အဖွဲ့ချုပ်က အခြေခံ စား နပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ထိုင်းနေပါလီ (ဂေါ်ရခါး) အဖွဲ့ချုပ်ဟာ ကိုဗစ်-၁၉ ကြောင့် အခက်အခဲကြုံနေတဲ့ ထိုင်းနိုင်ငံ၊ မြို့နယ်အသီးသီးက မြန်မာပြည်ဖွား ဂေါ်ရခါး လူမျိုးနွယ်စုများကို လိုက်လံထောက်ပံ့နေကြတာပါ။
ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲ၊ ငါးသေတ္တာဘူး၊ ဂျုံမှုန့်နဲ့ မဆလာ အစရှိတာတွေကို အဓိကထား လှူခဲ့ကြပါတယ်။
ထိုင်းနေပါလီ (ဂေါ်ရခါး) အဖွဲ့ချုပ်ကနေ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရခါး အိမ်ထောင်စုပေါင်း ၂၅၀၀၊ မိသားစုဝင် ၈၀၀၀ ကျော်ကို ကူညီထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။