Home
မြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါနှင့် ရာသီတုပ်ကွေးရောဂါ ကွာခြားချက် လက္ခဏာများ
DVB
·
June 17, 2020
လက်ရှိကမ္ဘာ့နိုင်ငံတွေမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ဒီရာသီမှာ ဖြစ်တတ်တဲ့ တုပ်ကွေးနဲ့ သာမန်အအေးမိတာတို့ အားလုံးမှာ ချောင်းဆိုးတတ်ပြီး ကွာခြားတဲ့ လက္ခဏာတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက  ထုတ်ပြန်ပါတယ်။ သာမန်အအေးမိတာမှာတော့ ဖျားနာတာဟာ တခါတလေမှဖြစ်တတ်ပြီး ကိုဗစ်-၁၉ ရောဂါနဲ့ ရာသီတုပ်ကွေးတို့မှာတော့ အဖြစ်များတယ်လို့ ဆိုပါတယ်။ လည်ချောင်းနာတာကတော့ ကိုဗစ်-၁၉ နဲ့ ရာသီတုပ်ကွေးမှာ တခါတလေဖြစ်တတ်ပြီး သာမန်အအေးမိရင်တော့ အဖြစ်များပါတယ်။ မောတာနဲ့ အနံ့အရသာမရတာကို ကိုဗစ်-၁၉ မှာ တခါတလေတွေ့ရတတ်ပြီး ရာသီတုပ်ကွေးမှာ ဖြစ်ခဲပေမဲ့ သာမန်အအေးမိတာမှာတော့ မောတာလုံးဝ မဖြစ်တတ်ဘဲ အနံ့အရသာမရတာကလည်း ဖြစ်ခဲပါတယ်။ ကိုဗစ်-၁၉ ရဲ့ လက္ခဏာတွေထဲမှာ ကြွက်သားတွေ နာကျင်တာ၊ အားအင်ကုန်ခမ်းတာ၊ နှာချေတာ၊ နှာစေးတာ၊ ဝမ်းလျှောတာ၊ အန်တာ၊ ဗိုက်နာတာတို့ ပါဝင်ပေမဲ့ ဖြစ်ခဲပါတယ်။ ရာသီတုပ်ကွေးဖြစ်ရင် ကြွက်သားတွေ နာကျင်တာနဲ့ အားအင်ကုန်ခမ်းတာတို့ အဖြစ်များပြီး နှာချေတာ၊ နှာစေးတာက တခါတလေဖြစ်တတ်ပါတယ်။ ဝမ်းလျှောတာ၊ အန်တာ၊ ဗိုက်နာတာတို့ကတော့ ကလေးငယ်တွေမှာပဲ တခါတလေဖြစ်တတ်ပါတယ်။ သာမန်အအေးမိရင်တော့ ကြွက်သားတွေ နာကျင်တာနဲ့ နှာချေတာ၊ နှာစေးတာတို့ အဖြစ်များတတ်သလို ဝမ်းလျှောတာ၊ အန်တာ၊ ဗိုက်နာတာတို့ လုံးဝ မဖြစ်ဘဲ နှာချေတာ၊ နှာစေးတာကတော့ တခါတလေ ဖြစ်တတ်ပါတယ်။ မြန်မာနိုင်ငံက ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေမှာ ဖျားတာနဲ့ ချောင်းခြောက်ဆိုးတာကို အများဆုံးတွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကိုယ်လက်မအီမသာဖြစ်တာ၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေနာကျင်တာကတော့ လူနာတွေရဲ့ ၁၃ ရာခိုင်နှုန်း၊ မောပန်းတာကတော့ ၂၁ ရာခိုင်နှုန်း၊ လည်ချောင်းနာတာဟာ ၁၈ ရာခိုင်နှုန်း၊ မူးဝေအော့အန်တာနဲ့ ဝမ်းလျှောတာက ၁၁ ရာခိုင်နှုန်း၊ နှာခေါင်းပိတ်တာ၊ နှာချေတာနဲ့ နှာစေးတာက ၁၃ ရာခိုင်နှုန်း၊ အနံ့ အရသာ အာရုံခံစားမှု ပျောက်တာကတော့ ၉ ရာခိုင်နှုန်း ဖြစ်တတ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024