ရေမွန်(Idiots)ရေးပြီး တေးသံရှင် မေသီဆိုထားသည့်“ဖြေပါ Baby”သီချင်း(ရုပ်သံ)
DVB
·
June 12, 2020
“Baby… ဘယ်လိုကိစ္စမျိုး တို့နှစ်ဦးကြား… သိုဝှက်ထားဖို့လိုသေး ဒီအခြေအနေ ထိရောက်မှ… Baby… ဘယ်လိုအမှားမျိုး နင်လွန်ကြူးပါစေ… ဗွေမယူတတ်ခဲ့ ကိုယ် ဟာခွင့်လွှတ်ပေး”
ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ တေးသံရှင် မေရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး အွန်လိုင်းပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါတယ်။
“ဖြေပါ Baby”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ လူငယ်ပရိသတ်အချစ်တော် တေးသံရှင် ရေမွန်(Idiots) က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး V7 Entertainment ကတဆင့် တင်ဆက်လိုက်တာပါ။
“Baby… ဘာကြောင့်ဟိုးတုန်းကလို မင်းအနား… ကိုယ်နေခွင့်မရှိတော့လည်း ဆင် ခြေတွေပဲအမြဲပေး… Baby… နင်မလိုအပ်တော့ရင် ဖွင့်ပြောဦး… ကိုယ်ဟာအလိုက်တသိ ရှောင်ဖယ်ထွက်သွားမလို့”
သီချင်းတွေလည်း ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်တဲ့ မေကိုတော့ ပရိသတ်တွေက မော် ဒယ်တယောက်အနေနဲ့သာ စတင်သတိပြုမိခဲ့ကြတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေကတည်းက တချို့သီချင်းတွေ ထွက်ရှိခဲ့ပြီးဖြစ်ပေမယ့် နာမည် ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “မင်းကို ချစ်လို့” သီချင်းကို ကာဗာသီချင်းအနေနဲ့ ပြန်လည်သီ ဆိုချိန်မှာတော့ သူ့ရဲ့ အဆိုပညာအရည်အသွေးကို ပရိသတ်တွေက သတိပြုမိခဲ့ကြပြီး နောက်ပိုင်းမှာ သီချင်းတွေ ဆက်လက်သီဆိုလာခဲ့တာပါ။
သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ကိုယ်တိုင်ဂစ်တာတီးပြီး သီဆိုပြထားတဲ့ သီချင်းရုပ်သံတွေအပြင် ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး လိုက်ဖ်လွှင့်စကား ပြောဆိုထားခဲ့တဲ့ ရုပ်သံတွေကိုလည်း မျှဝေထားပါတယ်။
ထူးခြားတဲ့ ခပ်ဆွေးဆွေးအသံပိုင်ရှင် မေရဲ့ နောက်ထွက်သီချင်းတွေထဲမှာတော့ Goodbye၊ Lost၊ ကြယ်စတဲ့ သီချင်းတွေက ထင်ရှားပါတယ်။
“သေချာပြီဆိုနင်အဖြေတစ်ခုတော့ပေးပါ ဘာဆက်လုပ်ရမှာ အကုန်နင့်သဘောအ တိုင်း Baby… မရေမရာတာတွေ ဆင်ခြေမပေးနဲ့တော့ကွာ ပိုခံစားရလို့ပါ အချိန်တွေ မဆွဲနဲ့ Baby”
မိုးရာသီနဲ့ လိုက်ဖက်ညီတဲ့ သီချင်းစာသားတွေ၊ ရိုက်ချက်လန်းလန်းတွေနဲ့ ဒီသီ ချင်းရုပ်သံဗွီဒီယိုကိုတော့ မေရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ နာရီပိုင်းအတွင်းဝင် ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၁ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။