မကွေးနှင့် သရက်တွင် လေပြင်းတိုက်ခတ်၊ လူဦးရေ ၃၂၀ ကျော် လေဘေးဒုက္ခခံစားနေရ

မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ် (၂) မြို့နယ်မှာ မေလ ၁၈ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့လို့ လူဦးရေ ၃၂၁ ဦး လေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက "မကွေးမြို့နယ်နဲ့ သရက်မြို့နယ်တွေမှာ လေပြင်းကျရောက်ခဲ့လို့ ပြိုကျနေအိမ် ၂ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် ၇၇ လုံးရှိပါတယ်။ လူဦးရေ အနေနဲ့ ၃၂၁ လုံး လေဘေးသင့်ခဲ့ပြီး နီးစပ်ရာ ဆွေမျိုးတွေစီမှာ နေထိုင်လျက်ရှိပါတယ်။”လို့ပြောပါတယ်။ ပြိုကျနေအိမ်တွေအတွက် အိမ်ဆောက်ပစ္စည်းဖိုးတစ်အိမ်ကို ကျပ် တစ်သိန်းနှုန်း၊ အမိုးလန်နေအိမ်တွေအတွက် တစ်ဦးကို ကျပ် ၃၀၀၀၀ နှုန်းထောက်ပံ့ပေးပြီး လေဘေးသင့် မိသားစုတွေကိုတော့ ဆန်ရိက္ခာဖိုး ကျပ် ၂၁၀၀ ကျပ်စီ ထောက်ပံတဲ့အပြင် ကယ်ဆယ်ရေး ပစ္စည်တွေလည်း ထောက်ပံ့ပေးနေတယ်လို့လည်း ပြောပါတယ်။ မကွေးတိုင်းမှာ ဧပြီ ၉ ရက်ကနေ့  လက်ရှိအချိန်ထိ လေးပြင်းတိုက်ခတ်ခဲ့လို့ နေအိမ် ၂၃၀၀ လောက် ပျက်စီးခဲ့ပြီး လူဦးရေ ၉၀၀၀ ကျော်လေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up