Home
သတင်းတို
ထိုင်းနိုင်ငံတွင် တရားမ၀င်အလုပ်သမား ၃၀၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
April 29, 2013
ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်ဘူရီခရိုင်ထဲမှာ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၃၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ထိုင်းအထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့၊ ခရိုင်အလုပ်သမားရုံးနဲ့ ပတ္တရားမြို့နယ်ရဲစခန်းက တာဝန်ရှိသူတွေပူးပေါင်းပြီး ဆီရီရားချားမြို့ နောင်ခန်ရပ်ကွက်ထဲမှာရှိတဲ့  ဆီရိရားချားအိမ်ယာ ၅ ထပ်တိုက်ခန်း ၁၂ တိုက်ကို ရှောင်တခင် ၀င်ရောက်စစ်ဆေးရာမှာ တရားမ၀င် အလုပ်သမား ၃၀၀၀ ကျော်ကို ဖမ်းမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ စစ်ဆေးမှုဟာ တရားမ၀င်အလုပ်သမားတွေကို မှတ်ပုံတင်ပြီး ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်ပြုထားတဲ့ ဧပြီ ၁၃ ရက် (သတ်မှတ်ရက်) ကျော်လွန်သွားတဲ့အတွက် စစ်ဆေးဖမ်းဆီးမှု စတင်တာလို့ တာဝန်ကျရဲအရာရှိက သတင်းဌာနကို ပြောပါတယ်။ ဖမ်းဆီးရမိသူတွေမှာ မြန်မာနိုင်ငံသားနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ ပါဝင်ပြီး ၄၀ ရာခိုင်နှုန်း လောက်ဟာ နိုင်ငံထဲ တရားဝင်ဝင်ရောက်တဲ့ အထောက်အထား ဘာမှမရှိသလို အလုပ်လုပ်ခွင့် လက်မှတ်လည်း မရှိဘူးလို့ အလုပ်သမားရုံးအရာရှိရဲ့ အပြောကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024