ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု စိတ်အေးအေးထားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြော
DVB
·
April 19, 2013

တရုတ်ပြည်မှာ ကြက်ငှက်တုပ်ကွေး ကူးစက် ပြန့်ပွားမှုနှုန်း မြင့်တက်လာတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိလာချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စိတ်အေးအေးထားကြဖို့ ပြောကြားလိုက်ပါတယ်။
အခုလက်ရှိ ကူးစက် ခံရသူ ၂၀ ကျော်ရှိပြီး သေဆုံးသူ ၇ ယောက်ရှိနေပါပြီ။ တရုတ်အာဏာပိုင်တွေက ကြက်ဘဲဈေးကွက်ကို ပိတ်ပစ်လိုက်ပြီး နိုင်ငံအ၀ှမ်းမှာ ကြက်၊ ဘဲ ရွှေ့ပြောင်းသယ်ယူမှုတွေကို ကန့်သတ်တားမြစ်ခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို) က အခြေအနေကို စောင့်ကြည့်စစ်ဆေးဖို့ တရုတ်နိုင်ငံကို သိပ္ပံပညာရှင် အဖွဲ့တဖွဲ့ စေလွှတ်ခွင့်ပြုဖို့လည်း တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
ရေဒီယို ဩစတြေးလျက သတင်းထောက် ၀ီလ် အော့ကင်းဒင်း က သတင်းရယူထားပါတယ်။ ယုယမိုး တင်ဆက်ပေးထားပါတယ်။