၈၈ ပွင့်လင်းအဖွဲ့နှင့် ဘီလျံနာသူဌေးကြီး ဂျော့ခ်ျဆိုရော့ဇ် တွေ့ဆုံ
အေးနိုင်
·
April 1, 2013

အမေရိကန် ဘီလျံနာသူဌေးကြီး ဂျော့ခ်ျဆိုရော့ဇ်ဟာ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့ နေ့ခင်းမှာ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ တွေ့ဆုံပြီး အကူအညီပေးရေး ကမ်းလှမ်းခဲ့ပါတယ်။
မစ္စတာဂျော့်ခ်ျဆိုရော့ဇ်ဟာ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးအံ့ဘွယ်ကျော်နဲ့ ဦးမာကီးတို့ကို ဒီနေ့ မွန်းလွဲပိုင်းမှာ နာရီဝက်ကြာ တွေ့ဆုံခဲ့တာပါ။
ဒီ တွေ့ဆုံပွဲမှာ ၈၈ မျိုးဆက်တွေက နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ဘ၀မြှင့်တင်ရေးနဲ့ အရည်အသွေးမြှင့်တင်ရေး ကိစ္စတွေမှာ ကူညီဖို့ တောင်းဆိုခဲ့ကြပြီး တဖက်က အကူအညီပေးဖို့ လိုက်လျောတယ်လို့ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ဦးမာကီးက ပြောပါတယ်။
မစ္စတာဂျော့်ခ်ျဆိုရော့ဇ်နဲ့ တွေ့ဆုံခဲ့တဲ့အခြေအနေအပေါ် ဦးမာကီးနဲ့ တွေ့ဆုံမေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။