အနုပညာရှင်များစွာ သီဆိုထားကြသည့် COVID-19 ပညာပေးသီချင်း(ရုပ်သံ)
DVB
·
April 2, 2020

“ငါတို့ရဲ့ ကမ္ဘာကြီးက အရောင်တွေ ပြောင်းနေပြီ… ငါတို့ရဲ့ ကမ္ဘာကြီးမှာ နေတာ လည်းကြာပြီး… ငါတို့ရဲ့ ကမ္ဘာကြီးက ရှင်သန်စရာမရှိ… ငါတို့ရဲ့ ကမ္ဘာကြီး… (ကမ္ဘာ ကြီးရယ်…) ပြန်နိုးထချင်မိ… ကြောက်စိတ်တွေနဲ့ မရှင်သန်ချင်ဘူးလေ”
ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ COVID-19 ကပ်ကာလ အကျိုးပြု သီချင်းတပုဒ်ဖြစ်ပြီး တေးသံရှင် ယုန်လေးက ရေးစပ်ပေးထားခဲ့တာပါ။
“ကမ္ဘာကြီးကိုကယ်တင်ပါ”-Save the World လို့ အမည်ပေးထားတဲ့ ဒီသီချင်းကို တော့ ယုန်လေးနဲ့အတူ နာမည်ကြီး သရုပ်ဆောင်မင်းသား နေတိုး၊ မြင့်မြတ်၊ ရဲတိုက်၊ မိုရီ ဆာကီဝင်း၊ ဖြူဖြူကျော်သိန်း၊ အိမ့်ချစ်၊ ရတနာမိုင်၊ အေးမြတ်သူ၊ ရွှေသမီး၊ မြန်မာအိုင်ဒေါ တေးသံရှင်တွေ ဖြစ်ကြတဲ့ သားငယ်၊ ဖြိုးမြတ်အောင်၊ မူးလာတို့နဲ့ အနုပညာရှင်တွေ အ များကြီးက ပါဝင်သီဆိုပေးထားခဲ့ကြတာ ဖြစ်ပါတယ်။
“ဒီအမှောင်ထုထဲက ကျော်နိုင်ပါ့မလား… စိတ်တွေ အတွေးတွေ လေးလံနေလွန်း တော့လေ… ဒီလိုကံတရားရယ်… မညှာတာခဲ့ပဲနဲ့… မိသားစုချစ်သူတွေကို သေကွဲခွဲ တယ်… နာရေးသတင်းတွေလည်း အချိန်တိုင်းကြားနေရတယ်… ဒီကမ္ဘာမြေကြီးမှာ”
လတ်တလော ကမ္ဘာ့ကပ်ရောဂါတခုလို ဖြစ်နေတဲ့ ကိုရိုနာ COVID-19 ဗိုင်းရပ်စ်ကူး စက်ပျံ့ပွားမှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ တကယ့်ကို ကြောက်စရာကောင်းလောက်အောင် ပျံ့ နှံ့နေခဲ့ပြီး မြန်မာနိုင်ငံမှာလည်း အရေးတကြီးလုပ်ဆောင်ကြဖို့ လိုအပ်နေချိန်မှာ ဒီသီချင်း က အထိုက်အလျောက် ခွန်အားတခုခု ဖြစ်လာစေမှာပါ။
သီချင်းစာသားတွေထဲမှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက် တွေနဲ့အတူ ကျန်းမာရေးညွှန်ကြားချက်တွေကို လိုက်နာကြဖို့၊ ပူးပေါင်းပါဝင်ကြဖို့ တွန်း အားပေးထားတဲ့ တေးသွားတွေနဲ့အတူ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
ဒီသီချင်းကိုတော့ Myanmar Media 7 ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှ တဆင့် “ကျနော် ကျွန်မတို့ကို ရှင်သန်ခွင့်ပေးပါ…” နာမည်ကျော်အနုပညာရှင်များစွာ ပါ ဝင်သီဆိုထားတဲ့ ပြည်သူအကျိုးပြု တေးသီချင်းလို့ ဖော်ပြပြီး မျှဝေထားခဲ့တာ ဖြစ်ပါ တယ်။
လတ်တလောမှာတော့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကို နာရီပိုင်းအတွင်း ဝင်ရောက် ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ တသန်းခွဲနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။